ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(44)
Chapter-5
(ပဉ္စမအလွှာ)
ထိုလက်သီးချက်၏ စွမ်းအားက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပေသည်။
အတိတ်တွင် ယီယွမ်က အစီအရင်များနှင့် ကြုံတွေ့ချိန်၌ ချက်ချင်းဖျက်ဆီးပစ်ရန် မတွေးခဲ့ပေ။
သို့သော် ဤတစ်ကြိမ်တွင် ထိုသို့မဟုတ်ခဲ့ပေ။
မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၏ အစွမ်းကို စမ်းသပ်လို၍ သူက ဤသို့ လက်သီးတစ်ချက် ထုတ်ဖော်လိုက်ခြင်းဖြစ်၏။
ဤလက်သီးချက်က အနည်းငယ်မျှပင် အင်အားလျော့သွားခြင်းမရှိဘဲ ခွိုက်လျန့်နှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။
ရလဒ်မှာကား ယီယွမ်က ပြီးပြည့်စုံစွာ အောင်မြင်ခဲ့ပေ၏။သိရမည့်အချက်မှာ ခွိုက်လျန့်၏ နောက်တွင် အစီအရင်၏ ထောက်ပံ့ပေးမှု ပါရှိနေသည်။ ယီယွမ်ရင်ဆိုင်ရသည်မှာ သူတစ်ဦးတည်းမဟုတ်ဘဲ အစီအရင်တစ်ခုလုံး ဖြစ်ပေ၏။
သို့ရာတွင် ဤလက်သီးချက်က လူတိုင်းကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။
"စော်ကားမိတဲ့အတွက် တောင်းပန်ပါတယ် စီနီယာ… ဒီယီက အခုအလွှာကို ပြီးပြည့်စုံစွာ အောင်မြင်လိုတဲ့အတွက် ရွေးချယ်စရာမရှိဘဲ ခင်ဗျားတို့အားလုံးကို သတ်ရပါလိမ့်မယ်….."
ထိုသို့ပြောရင်း ယီယွမ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ကာ လက်သီးချက်တစ်ချက်က ခွိုက်လျန့်ထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာခဲ့၏။
"တော်တယ်ကလေး… ငါမင်းကို နောက်တစ်လွှာကနေ စောင့်နေတော့မယ်….."
ဤအချိန်၌ မဟာအစီအရင်ကို ခင်းကျင်းရန် မဖြစ်နိုင်တော့ပေ။ နှောင်းပိုင်းအဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ခွိုက်လျန့်က ယီယွမ်နှင့် ရင်ဆိုင်ရချိန်၌ သူ၏မျက်လုံးများကိုမှိတ်၍ သေခြင်းတရားကို စောင့်ဆိုင်းရန်သာ တတ်နိုင်ခဲ့သည်။
"ကောင်းပါပြီ… ပဉ္စမအလွှာမှာ တွေ့ကြရအောင်….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...