Chapter 568

1.1K 132 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-13

(ရွှေရောင်နာမည်)

ဤသုံးရက်အတွင်း ယီယွမ်၏ အာရုံကြောများက အလွန့်အလွန် တင်းမာနေသော အနေအထားတွင် တစ်ချိန်လုံး ရှိနေခဲ့သည်။

သူက ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်၌ အစစ်အမှန်အသိ နှစ်မျိုးကို ထိန်းချုပ်နေခဲ့ရသလို ယန်ကိုးမျိုး ဝိညာဉ်ဘရစ်စတယ် သိုင်းပညာရပ်ကို အဆုံးစွန်အထိ ထုတ်ဖော်ခဲ့ရ၏။

ဤအခက်အခဲက သာမန်အခက်အခဲမျိုး မဟုတ်ဘဲ အခက်အခဲဆိုသည်ထက် ပိုနေပေသည်။

အကယ်၍ သူက ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်၏ အထောက်အပံ့မရှိလျှင် သူက အစောကြီး လက်လျှော့ရပေမည်။ 

သုံးရက်အကန့်အသတ်ကို ရောက်ရှိလုနီးအချိန်တွင် ယီယွမ်၏ရှေ့မှောက်မှ  စိန်ချပ်ဝတ်ကျွဲရိုင်းများက နောက်ဆုံးတစ်သုတ်သာ ကျန်ရစ်ပေတော့၏။

"နှုတ်ဆက်ပါတယ်… ကျွဲပေါက်လေးတို့….."

ထိုအချိန်၌ ယီယွမ်က အသင်္ချေဓားမိုးများကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်ပြီး သူ၏သဘာဝစွမ်းအင် တစ်ဝက်ကျော်ကို ထုတ်သုံး၍ ချက်ချင်းပင် လက်ကျန် စိန်ချပ်ဝတ်ကျွဲရိုင်းများကို လက်စသတ်ပေးလိုက်သည်။

ဝုန်းးး…..

သတ်ဖြတ်မှုပြီးဆုံးပြီးနောက် တတိယအလွှာ တစ်ခုလုံးက နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

"ဟူးးး… ဒီကျွဲရိုင်းတွေကို ရှင်းရတာ တော်တော်ခက်တာပဲ… ဒါပေမဲ့ ငါ့ရဲ့ဒီတစ်ကြိမ် ရိတ်သိမ်းရမှုက နည်းနည်းနောနော ကြီးမားတာ မဟုတ်ဘူး….."

ဤအမည်မဲ့စွမ်းအင်များအပြင် ယီယွမ်က သိုင်းကွက်များစွာကို အစွမ်းကုန်ထုတ်သုံးခဲ့ရ၍ သူရရှိခဲ့သော အကျိုးကျေးဇူးများက အနည်းငယ်မျှသာ မဟုတ်ခဲ့ပေ။

အစစ်အမှန်အသိနှစ်ခုအပေါ် သူ၏ နားလည်သဘောပေါက်မှုက ပို၍ပင် နက်ရှိုင်းလာခဲ့သည်။

ယီယွမ်က ပို၍ဝမ်းသာခဲ့သည်မှာ နှလုံးသားအဆင့်ဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Onde histórias criam vida. Descubra agora