Chapter 554

153 13 0
                                    

စာစဉ် 37 Chapter 554 တရုတ်ပြည်၏ ထောက်တိုင်

ခွေးရူးပြန်ရောဂါသည် လူသားများ၏ စိတ်ထဲ၌ ကြောက်စရာကောင်းသော ရောဂါတစ်ခု ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းအား ဆယ်မိနစ်တည်းနှင့် ကုသပြီးသွားပြီတဲ့လား။

သို့သော် သူတို့၏ အကြည့်များက လူနာ ကောင်လေး၏ မျက်နှာသို့ ရောက်သွားသောအခါ သူတို့၏ မယုံကြည်စိတ်များ လွင့်စင်သွားပြီး အံ့ဩသော အမူအရာများက အစားထိုး ပေါ်လွင်လာသည်။

သူသည် အခန်းထဲသို့ ဝင်သွားခဲ့စဉ်ကနှင့် သိသိသာသာ ခြားနားသွားသည်။ ကောင်လေး၏ အကြောဆွဲခြင်းက ရပ်တန့်သွားပြီး အသက်ရှူနှုူန်းက တည်ငြိမ်နေသည်။ သူ သတိလစ်နေသည်မှလွဲလျင် သူ့မျက်နှာက ကျန်းမာ၍ ကောင်းမွန်ပုံ ပေါ်နေသည်။

"သူ တကယ် ပြန်ကောင်းသွားတဲ့ပုံပဲ"

လူအုပ်ကြီးသည် မနည်း တံတွေးမျိုချ၍ မယုံနိုင်သောအသံတို့ဖြင့် ရေရွတ်လာသည်။

ထိုစဉ် အခန်းအပြင်၌ စောင့်နေသောဆ ရာဝန်သည် ကောင်လေး၏ သွေးအချို့ကို စမ်းသပ်ရန် အလျင်အမြန် ထုတ်ယူလေသည်။

မကြာခင်မှာပင် အဖြေ ပြန်ထွက်လာ၏။ သူသည် အပြည့်အဝ ပျောက်ကင်းသွားလေပြီ။

[သောက်ကျိုးနည်း ... သူ ပျောက်သွားပြီပဲ၊ ဒါတစ်ခုတည်းနဲ့တင် နတ်ဆေးဆရာဝိုင်က နတ်ဆေးဆရာလို့ ခေါ်ထိုက်နေပြီ]

[အပေါ်ကလူ၊ ပြီးခဲ့တဲ့‌ လေပူလက္ခဏာ တုပ်ကွေးရောဂါ ကူးစက်မှုတုန်းက နတ်ဆေးဆရာဝိုင်ကြောင့်သာ မဟုတ်ရင် မင်း အသက်ရှင်နေလိမ့်ဦးမယ်လို့ ထင်လား]

[နတ်ဆေးဆရာဝိုင်က ငါတို့ရဲ့ ပြည်သူ့ သူရဲကောင်းပဲ၊ နတ်ဆေးဆရာဝိုင်ကလွဲရင် ငါ အခြား ဘယ်သူ့ကိုမှ လက်မခံဘူး]

[မြတ်စွာဘုရား၊ အခု ‌ခွေးရူးပြန်ရောဂါကို ကုနိုင်ပြီပဲ၊ ကာကွယ်ဆေးတောင် မဟုတ်ဘူး၊ ကုသဆေးပဲ၊ ဒါ ဆေးပညာ လောကအတွက် ဆန်းကြယ်မှုတစ်ခုပါလား]

[ဒါကို မှတ်တမ်းတင်ထား၊ ဒါ ငါတို့နိုင်ငံရဲ့ ထင်ရှားကျော်ကြားမှုပဲ၊ လခွမ်း ... နိုင်ငံခြားသားတွေ ငါတို့ကို မနာလို ဖြစ်လာအောင် လုပ်ရမယ်]

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now