စာစဉ် 38 Chapter 557 အဆင့်မြင့်အဆင့်သို့ ပထမဆုံးအကြိမ် စွမ်းရည်မြှင့်တင်ခြင်း
"နည်းပြချုပ်ချင်၊ ကျွန်တော် အမှန်အတိုင်း ပြောပြနေတာပါ၊ ကျွန်တော့်အခြေအနေကို ခင်ဗျား သိပါတယ်ဗျာ"
ရဲ့လင်းချန် မနေနိုင်ဘဲ သူ့နှာခေါင်းသူ ပွတ်လိုက်မိသည်။
"ကျွန်းပေါ်က ဆောက်လုပ်ရေးကို မင်း မြန်မြန်ဆန်ဆန်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား"
ချင်ပိုင်ချွမ်းက ရဲ့လင်းချန်အား သူ အားလုံး သိနေသည်ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီးနောက် ဆက်ပြောလေသည်။
"ဒါပေမဲ့ ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်၊ မင်း ဒီလို ဆေးမျိုး လုပ်နိုင်မယ်ဆိုတာ သေချာလား"
ရဲ့လင်းချန် ခေါင်းညိတ်ပြသည်။
"ခွေးရူးပြန် ရောဂါ၊ ကင်ဆာရောဂါနဲ့ အခြားရောဂါတွေကို ထိန်းချုပ်နိုင်တဲ့ ဆေးမျိုး ဖော်စပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ချက် ရှိပါတယ်"
"မိတ်ဆွေလေးရဲ့၊ ဒါ နိုင်ငံအတွက် သိပ်အရေးပါတဲ့ အရာတစ်ခုပဲ၊ မင်း သေချာလား"
လင်းထျန်းရှုံးက ရဲ့လင်းချန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်နေသည်။
ဤကိစ္စက လူပေါင်းများစွာ၏ အသက်နှင့် ပတ်သက်နေသည်။ ယင်းက နိုင်ငံ၏ ဆေးပညာ ဗဟုသုတနှင့်လည်း ဆက်စပ်နေသည်။ သက်ရောက်မှုအားက ထိုမျှ ကြီးမားမနေလျင် သူတို့ ဆေးရုံသို့ အပြေးလာမိမည် မဟုတ်ပါ။
"ဒါက အမှန်ဆိုရင် ဒီကိစ္စအတွက် ငါ ဆုံးဖြတ်ချက် ချပေးနိုင်တယ်၊ ငါတို့ အရင်ဆုံး ဆရာဟောင်ကို ရှာပြီး မင်းအတွက် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံကို ဆောက်ဖို့ အရှိန်မြှင့်ခိုင်းပေးမယ်"
ချင်ပိုင်ချွမ်းက စားပွဲကို လက်ဖြင့် ရိုက်လိုက်သည်။
"အဲ့ဒါတင် မကဘူး၊ နိုင်ငံတော်က ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံအတွက် ကုန်ကျစရိတ်ကို တစ်ဝက် လျှော့ချပေးမယ်၊ ဒါက နိုင်ငံကို အကျိုးအမြတ် ဖြစ်စေမယ့် အရာပဲ၊ နမော်နမဲ့ ထားလို့မရဘူး"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️