ch 55.1

58 7 0
                                    

စာကြည့်ခန်း တံခါးမှာ အထဲမှ လော့ချမထားဘဲ ပိတ်ရုံသာ ပိတ်ထားခဲ့၍ချီကျင့် က တံခါး လက်ကိုင်ကို လှည့်လိုက်တဲ့ အချိန်မှာ အလွယ် တကူပွင့်သွားခဲ့လေရဲ့


အထဲမှာ လုံးဝတိတ်ဆိတ်နေခဲ့တယ်။

"...ရှန်ယန့်?" သူ့မေးခွန်းက တံခါးကို ညင်သာစွာ ခေါက်လိုက်သလိုမျိုး သတိထားပြီး စိတ်ရှည်ရှည် ထားခဲ့လျကိ။

"...အမ်း" သူ ရလိုက်တဲ့ တုံ့ပြန်မှုက သူမေးတဲ့မေးခွန်းထက်တောင် အဖြေက ပို၍ ဖျော့တော့နေခဲ့တယ်။


ချီကျင့် အထူးဂရုစိုက်စွာဖြင့် တံခါးကို ချက်ချင်းဖွင့်လိုက်တယ်။ အခန်းတွင်းရှိ မီးများက တစ်ချိန်ချိန်က ပိတ်ထားခဲ့ပုံရပြီး ကွန်ပျူတာမှ အဖြူရောင်အလင်းတန်းများကသာ နံရံများကို လင်းထိန်စေလျက်။


အခန်းထဲမှာ တစ်ခုတည်းသော အလင်းရင်းမြစ်ပဲ ကျန်တော့ပေမဲ့ ရှန်ယန့် က အလင်းရောင်ကို ကြောက်သလို သူ့ခေါင်းကို လက်ဖဝါးတွေအကြား မြှုပ်ထားဆဲ။ သူက ကျောက်တုံးရုပ်တုကဲ့သို့ အေးခဲနေသလို တကယ်ပဲ ဖန်သားပြင်ကို ကျောခိုင်းပြီး ထိုင်နေခဲ့တယ်။


ချီကျင့် စိတ်ထဲမှာ တစ်ခုခုကို သိသွားလိုက်သဖြင့်၊ သူ့ဆီကို အလျင်အမြန် ပြေးလာခဲ့တယ်။ သူက ပခုံးကို ကိုင်ပြီးအသံတိုးတိုးလေးနဲ့ မေးလိုက်ခဲ့တယ်။

"မင်းအဆင်ပြေရဲ့လား"

"ပြေတယ်။"
ယခု သူနှင့်နီးကပ်သော ရှန်ယန့်ရဲ့ အသံတွင် အနည်းငယ် ရှတနေသော အသံကို ကြားလိုက်ရပါတယ်-- သူ အခုနကဖျော်ဖြေမှုတွင် မျက်ရည်များငိုရှိုက်ကာ ပြောခဲ့တာမို့အပြည့်အဝ ပြန်လည် သက်သာလာဖွယ် မရှိသေးပုံရပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ အခုချိန်မှာ သူတို့ အချင်းချင်း ပုံမှန် စကားစမြည်ပြောနိုင်ခဲ့တယ်။

" အခုထိ ခံစားချက်တွေကနေ ကိုယ်အပြည့်အဝ မသက်သာသေးဘူး။ တောင်းပန်ပါတယ်၊ကိုယ့် အချိန်နည်းနည်းပေးပါလား။"

ဒါဆို သူထင်ထားတာ တကယ်ပဲလား?

ချီကျင့် မျက်မှောင်ကြုတ်ပြီး ခဏလောက်တိတ်နေလိုက်လျက်။

exclusive rights to an online voice actor Where stories live. Discover now