ch 83

49 7 5
                                    

နွေးထွေးမှုဟာ မျှဝေလို့ရနိုင်ပါတယ်။

အစကတည်းက သူ ရှန်ယန့် ဆီက ပထမဦးစွာ ရရှိခဲ့သောအရာက နွေးထွေးမှုပါပဲ။ ထို့ကြောင့် ထို"အေးစက်သော" ခံစားချက်က သူ့ထံ ပထမဆုံးအကြိမ် ရောက်လာသောအခါ ချီကျင့် အနည်းငယ် အံ့သြသွားလျက်။

ဆောင်းရာသီမှာ ရေခဲအလွှာတွေ ဖုံးလွှမ်းနေတဲ့ ရေကန်ရဲ့ မျက်နှာပြင်ကဲ့သို့ပင်။

အေးစက်ရုံတင်မကဘဲ ရေခဲလွှာအား ခွဲချဖို့ကလည်း မလွယ်ပေ…

"မင်း...ခဏလောက်အိပ်ချင်လို့လား" ချီကျင့်က က နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး အလွန်နူးညံ့သော အသံဖြင့် မေးလိုက်တယ်။

သူပြောလိုက်သည့်ပုံစံက ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသော လူတစ်ယောက်ကဲ့သို့ပင်၊ သူ့ဟန်ချက်ကိုလည်း သတိထားကာ ရှေ့သို့  ခြေတစ်လှမ်းကိုဂရုတစိုက် လှမ်းနေရသလို။

ရှန်ယန့် က သူ့ကို လွှတ်ပေးလိုက်တယ် ။

လွှတ်ပေးလိုက်သော်လည်း တွန်းမထုတ်လာခဲ့။

ဒါဟာ သူ ဒီအခန်းထဲက မထွက်ခင်မှာ အဲဒီအမျိုးသားကို နှစ်သိမ့်ပေးဖို့ ကြိုးစားနိုင်သေးကြောင်း သက်သေပင်။

ရှန်ယန့်က တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြလိုက်တာက ပို၍သေချာသွားစေပါတယ်။ ချီကျင့် ၏ မျက်လုံးများ တောက်ပလာပြီး တစ်ဖက်လူရဲ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး စာကြည့်ခန်းတွင်းရှိ ကုတင်သေးသေးလေးပေါ်သို့ ကူညီပေးပို့ ပေးကာ

"ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ audition ကပြီးပြီမို့ မင်း ကောင်းကောင်း မင်း အနားယူလိုက်ပါ။ ခဏနေကျမှ မင်းကိုလာခေါ်လိုက်မယ်"

စာကြည့်ခန်းထဲမှာ မီးလုံးတွေပိတ်ထားသဖြင့် သူတို့နှစ်ယောက် အမှောင်ထဲမှာ မျက်မမြင်လူနှစ်ယောက်လို တစ်ယောက်ကိုတစ်ယောက်  မှီတွဲထားကြတယ်။

သို့သော် သူတို့ လျှောက်သွားတိုင်း၊ ခြေလှမ်းတိုင်းမှာ သူနဲ့ နီးကပ်လာပြီး ရှန်ယန့်က လက်ကို ဆန့်ထုတ်လာကာ သူ့လက်မောင်းကို ကိုင်ထားတဲ့ ချီကျင့်ရဲ့ လက်အပေါ်  တိတ်တဆိတ် ဆုပ်ကိုင်လာခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now