ch 84

58 10 3
                                    

ထုံချွေ့ထိုင်ကသာ ၎င်းကို မစဉ်းစားပါက၊ ပြောင်းလဲမှု တစ်စုံတစ်ရာမပြုလုပ်ဘဲ ချီကျင့်ရဲ့သရုပ်ဆောင်ပုဲအားလုံးကို အလုံးစုံ ကူးယူသွားမည်သာ။

သို့သော် အများသူငှာ စကားပြောခန်းတွင် ထွက်ပေါ်လာသည့် သံသယများကို မြင်လိုက်ရပုံပေါ်ပါတယ်။ သူရဲ့ ဖျော်ဖြေမှု နောက်ဆုံးအပိုင်းတွင်  အပြောင်းအလဲများ အနည်းငယ်ပြုလုပ်ခဲ့ပါရဲ့။ ဥပမာအားဖြင့်၊ ချီကျင့်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှ အထူးခြားဆုံးအပိုင်းကို မသုံးဘဲ  -- ဆိုလိုသည်မှာ စာသားများကို ထပ်ခါတလဲလဲမပြောဘဲ— “ပြိုင်ပွဲဝင်နံပါတ် 16” ကို ကူးယူထားတယ်ဟူသော ပရိသတ်ရဲ့ အတွေးအမြင်ကို အားနည်းစေလျက်။

အော်ငေါက်ခြင်း အပိုင်းမှာမူ ထုံချွေ့ထိုင်က သူ့ထက် လိုက်ဖက်သော အသံရှိသဖြင့် ချီကျင့်ကဲ့သို့သော အသံကို တမင်သက်သက်နှိမ့်ရာမှ ဖြစ်လာသော ဆိုးကျိုးများ မရှိလေဘဲ ပို၍ ဆွဲဆောင်မှုရှိကာ ပို၍ သဘာဝကျလှ ပေတယ်။

လုပ်ငန်းစဉ်တစ်ခုလုံးက ပုံဆွဲသလိုပါပဲ။

အလွတ်ဖြစ်နေသော ပိတ်သားပြင်ထက် မိိမိဖာသာ ဆွဲရတာက ပြီးပြီးသား ပန်းချီကို ကြည့်ပြီးကော်ပီကူးရတာ ပိုလွယ်တယ် မဟုတ်ပါလား။

ဒါ့အပြင်၊ မူရင်းရဲ့ မပြည့်စုံမှုများကို အတုယူကာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တယ်ပင်။ ထိုနည်းအားဖြင့် အတုအပမျှသာဖြစ်သော်လည်း သာမန်လူများစွာ၏ မျက်စိကို လှည့်စားနိုင်ပြီး စျေးကြီးသည့်တိုင် ရောင်းချနိုင်ပါရဲ့။

"မင်းသူပုန်တွေက အမတ်ရွှမ်ယန့် ကို ဧကရာဇ်မင်းအဖြစ် တင်မြှောက်ချင်တာကို ငါကိုယ်တော်သိတယ်... ဟီးဟီး..."

အသေးစိတ်အချက်အလတ်များကို ပြုပြင်ပြောင်းလဲထားသော်လည်း၊ ဖျော်ဖြေမှုတစ်ခုလုံးရဲ့ လေသံမှာတော့  ချီကျင့် အနက်ဖွင့်ဆိုချက် ဖွင့်ဆိုခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ပြီး ယခင်ကကဲ့သို့ အခြားပြိုင်ပွဲဝင်များက ၎င်းကို ကိုင်တွယ်ပုံနှင့် ပြတ်ပြတ်သားသား ကွဲပြားနေသေးလျက်။

အေးစက်စွာ ရယ်မောပြီးနောက် ထုံချွေ့ထိုင်က သူ့ရဲ့ ဖျော်ဖြေမှုကို အပြီးသတ်ရန် သူ၏ အပြောင်မြောက်ဆုံး အော်ဟစ်သံကို အသုံးပြု၍

exclusive rights to an online voice actor Donde viven las historias. Descúbrelo ahora