ch 59

64 10 4
                                    

📕

“အဲဒီတုန်းက မင်းကို တကယ်ချစ်ခဲ့တာပါ။”—
ထိုစာသားက အချစ်ဒရာမာတိုင်းမှာ မီးတောက်အဟောင်းတွေ ပြန်တောက်လာတဲ့ အခါတိုင်း ပေါ်လာလေ့ရှိတဲ့ ငြီးငွေ့ဖွယ် စာသားပါပဲ။
‌ဒါပေမယ့်လည်းမကြာခဏဆိုသလို အတော်လေးလည်း အလုပ်ဖြစ်ပါရဲ့။     
         
ယခုပင်၊ လူတစ်ဦးက လက်တွေ့ဘဝတွင် ထိုနည်းအတိုင်း သူ့ကို ဝန်ခံလာခဲ့လေတယ်။
   
ထိုလူက နောင်တအပြည့်ဖြင့် ထိုစကားကို နှိမ့်ချစွာပြောခဲ့လာရာ— အလွန်ရင်ထဲထိစေတဲ့ မြင်ကွင်းတစ်ခု လို့ပဲ ပြောရမလား .. ထိုလူက သူ့လက်မောင်း လှုပ်လို့မရအောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကို ထည့်မထွက်ရင်ပေါ့။
   
   

သူ့နေရာထိုင်ခင်းက ချီကျင့်ရဲ့ဌာနနဲ့ အရမ်းနီးပါတယ်။
   
ချီကျင့်လည်း ယခင်က ထိုနေရာသို့ ရောက်ခဲ့ဖူးတယ်ပင်— ထိုအချိန်က သူ အခြားဒေသများမှ ဒီ မြို့သို့လာမည့် လေ့ကျင့်ရေးဖလှယ်ရေးလုပ်ဖော်ကိုင်ဖက်များကို လက်ခံရန် တာဝန်ယူနေတုန်းကပါပဲ။ ဒီတစ်ခါလည်း  အဲဒီလူကို ကုမ္ပဏီက အဲဒီနေရာမှာပဲ ဆက်နေဖို့ စီစဉ် ပေးခဲ့တာ ဖြစ်နိုင်တယ်။

အတိအကျပြောရလျှင် ထိုနေရာက ကြယ်အဆင့်သတ်မှတ်ချက်မရှိသော ဘတ်ဂျက် ချွေတာရေးဟိုတယ်ပင်။ စျေးနှုန်းများ ချိုသာသောကြောင့် နေရေးထိုင်ရေးမှာ ကြယ်တစ်လုံးအဆင့်နှင့် ဝေးကွာသော်လည်း သွားလာရ  အဆင်ပြေကြဆဲ။

တံခါးနောက်ဘက်နံရံက အဖြူရောင်ဖြစ်ပြီး မကြာသေးခင်ကမှ ပြန်သုတ်ထားပုံရကာ  ချွတ်ဆေးရနံ့ကိုပါ ရနေဆဲပင်။
   
ယခုတော့ ချီကျင့်အား ၎င်းရဲ့အပေါ် ဖိထားပြီး ထိုရနံ့ကို ရှူရှိုက်ရန် တွန်းအားပေးနေခဲ့လေပြီ။ အဖြူရောင် မျက်နှာပြင်ပေါ်တွင် သူ့အရိပ်အပြင် ဘာကိုမှ မမြင်နိုင်သော်လည်း အလိုအလျောက်တံခါးသော့ခတ်သံကို  ကြားနေရဆဲ။

သာမန်တံခါးသော့ခလောက်များနှင့် မတူဘဲ အီလက်ထရွန်းနစ့လော့ခ်မှာ အပြင်မှသော့ခတ်ရန် လွယ်ကူသည်မဟုတ်ပေ။
 
  ထို့အပြင် “မနှောင့်ယှက်ရ” ခလုတ်ကို နှိပ်ထားပြီးဖြစ်သောကြောင့် သန့်ရှင်းရေး ဝန်ဆောင်မှု ဝင်လာမည်မဟုတ်။

ထို့အပြင် ဤအခန်းသို့ သော့ကတ်ကို ကိုင်ဆောင်ထားသည့် တစ်ဦးတည်းသောလူမှာ သူ့နောက်ကျောကို ကပ်လျက် နားထဲသို့ တီးတိုးတီးတိုး ပြောနေတဲ့ ဤလူပင် ဖြစ်လေတယ်။

exclusive rights to an online voice actor Where stories live. Discover now