ch 56

61 7 0
                                    

   

ချီကျင့် အေးခဲသွားပြီး၊ ရှန်ယန့်ကို ကူညီ နှစ်သိမ့်ပေးနေတဲ့ လက်တစ်စုံကလည်း ရပ်တန့်သွားခဲ့လေပြီ။
   
   
    

ပုယွီကျစ်   ပြောတော့မည့် စကားလုံးများ၏ အကျိုးသက်ရောက်မှုက မည်မျှ သက်ရောက်မည်ကို သူ မခန့်မှန်းနိုင်သောကြောင့် ရှန်ယန့်ကို  မတ်တပ်ထိုင်ခိုင်းရဦးမည်လားသူမသိ။

သို့တိုင် ရှန်ယန့်က ခေါင်းယမ်းကာ မတ်တပ်ရပ်ရန် ရွေးချယ်လိုက်ရာ
    "စိတ်မပူပါနဲ့ ကိုယ်ကြားချင်ပါတယ်"

ချီကျင့် သူရဲ့ အခုလက်ရှိစိတ် အခြေနေက အမှန်လားကိုမသိလို့ သူ့မျက်လုံးများကို တစ်ချက်ကြည့်လိုက်လေရဲ့။
သို့သော် လက်တွေ့တွင်မူ ထိုအနက်ရောင်မျက်လုံးများက သူထင်ထားသည်ထက် ပို၍တည်ငြိမ်နေခဲ့လျက်။ ရှန်ယန့် ရဲ့ မျက်လုံးတွေထဲမှာ ဝှက်ထားတဲ့ ထို နက်ရှိုင်းလှတဲ့ပင်လယ်ကဲ့သို့ ခံစားချက်ကို သူ ဘယ်တော့မှ မမေ့နိုင်။ မြစ် ရေစီး သာ ဘယါလောက်ဘဲသန်ပါ‌‌ ပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် မှာငြိမ်သက်သွားမြဲ။
   
    

ရှန်ယန့်... သူက ချီကျင့် ထင်ထားတာထက် တကယ့်ကို သန်မာတယ်။

“အမ်း” ချီကျင့် က   သဘောတူပြီး Shen Yan ရဲ့ နောက်ကျောအထက်က သူ့လက်ကို ဖယ်လိုက်ပြီး သူ့လက်ကို အစားကိုင်ဆွဲလိုက်တယ်။

ရှန်ယန့် က ပံ့ပိုးကူညီမှု မလိုအပ်ဘူးဆိုရင် သူ့ကို အဖော်ပြု ပေးတာ ကောင်းပါတယ်။

ထိုအချိန်တွင်၊ နောက်ခံတည်ငြိမ်သော ပုယွီကျစ်ရဲ့အသံ ကိုကြားလိုက်ရကာ အခန်းထဲမှာ တဟုန်ထိုး တုန်လှုပ်သွားခဲ့စေလျက်။
   
"ပထမဆုံးအနေနဲ့ audition မတိုင်ခင်မှာ ရှင်အရင်ကပြောခဲ့တဲ့ ခံစားချက်တွေကို ပြန်ပြောပြချင်ပါတယ်"

နားထောင်သူများအတွက် မမျှော်လင့်ထားသော စကားများသာမက ချီကျင့်ကိုယ်တိုင် လည်း များစွာ အံ့သြသွားခဲ့လေရဲ့။ ရှန်ယန့် ရဲ့ အသံသရုပ်ဆောင်နည်းစနစ်များကို ဝေဖန်ရန် တွေးထားနေသော်လည်း  ယခုအခါ ဖြစ်နိုင်ပုံမပေါ်။
   
“အရင်က ကျွန်မတို့ရဲ့ နားထောင်သူတော်တော်များများ ပြောခဲ့သလိုပဲ ဒီပြိုင်ပွဲမှာ ရှန်ယန့်က မသက်ဆိုင်သလို  ခံစားရတယ်။
   
မှန်ပါတယ်၊ ကျွန်မလည်း ဒီလိုပဲ ခံစားရတယ်—ကြီးတော့ ရှင်က အသံသရုပ်ဆောင်တာကို အရမ်းအလေးအနက်ထားတယ်လို့ ကျွန်မထင်ပါတယ်။
   
  ပြီးတော့ လုပ်တဲ့အလုပ်မှာ စိတ်ထက်သန်ပြီး စေ့စေ့စပ်စပ်လုပ်တာကလည်း အရမ်းကောင်းပါတယ်။
ဒါပေမယ့် ကျွန်မထင်တာ မှန်သလားတော့ မသိဘူး… ရှင့်ရဲ့ စေ့စေ့စပ်စပ် တွေးတောမှုက ရှင်လုပ်နေတာတွေကို ချစ်တဲ့စိတ်ကြောင့်မဟုတ်ဘဲ တာဝန်တစ်မျိုးမျိုးကနေ ဖြစ်ပေါ်လာတယ်လို့ပဲ ခံစားရတယ်။”

exclusive rights to an online voice actor Where stories live. Discover now