ch 121

58 12 0
                                    

"အယ်?"

  ယွမ်ကျန်းမင်  ထံမှ ဤအသံက အလွန်တိုးဖျနေခဲ့ကာ—တစ်စက္ကန့်မျှပင် မကြာဘဲ မိမိကိုယ်တိုင်ပင် မသိစိတ်မှ ထွက်လာမည့် အသံအမျိုးအစားပင်။

"ချင်းသော်" ရဲ့ပထမစာကြောင်း ဆိုတာကို သူသိလိုက်သောအခါမှ သူပါးစပ်ကို အမြန်ပိတ်လိုက်လေရဲ့။

Tw0 က ဤစာကြောင်းကို ပြော လာပြီး ငါးစက္ကန့်အကြာမှသာ စီမံခန့်ခွဲသူကပါ အချိန်တိုင်းကိရိယာကို ကမန်းကတန်း သတ်မှတ် လာခဲ့လေတယ် ။


ကုန်လွန်သွားသောအချိန်ကိုအခြေခံ၍ ယွမ်ကျန်းမင် ရဲ့အမှတ်ပေးစည်းမျဉ်းအောက်တွင်၊  ချို့ချွင်းချက်တစ်ခုပေးလို့မရသဖြင့်  0.05 မှတ်ကို ဘာမှအသုံးမပြုနိုင်ဘဲ စွန့်ပစ်လိုက်ပေတယ်။

ချီကျင့် အပါအဝင် ပရိသတ်များကလည်း ယခုမှသာ ၎င်းကို သဘောပေါက်နိုင်ခဲ့လေတယ်။

ပြီးတော့ အခုလက်ရှိလူတိုင်းရဲ့ခံစားချက်တွေကို အတိုချုံးပြီး  ပြောရလျှင် “အယ်?”

ပရိသတ် 1- Σ(っ°Д°)っ အာာာာယ်?

ပရိသတ် 2- Σ(っ°Д°)っ အယ်? ခဏနေပါအုံး၊ ဒီလိုမျိုး စခဲ့တာလား?? 【ဒါက ချင်းသော် ရဲ့ စာသား မဟုတ်လား?】

ပရိသတ် 3- ငါတို့ရဲ့ Twoလေးရေ မင်း…သတိပေးစရာစကားလည်း မပြောဘဲ အရင်စလာတော့  ငါ့နှလုံးသားက  အကေါက် ဖြစ်သွားတော့မလိုပဲ… ဒီခံစားချက်တွေ က အဆင်ပြေ နေပေမယ့် အဲဒီ 0.05 မှတ်ကို ဆုံးရှုံးလိုက်ရတာ တကယ်အဆင်ပြေရဲ့လား?

【Ah မင်းရဲ့ fan ပါ မင်းအတွက် ငါ စိတ်ပူတယ် 】

သို့တိုင် လူတိုင်းက တစ်ခုတည်းကို တစ်ပုံစံတည်း တွေးနေကြတာက- ဆိုလိုသည်မှာ Two က Kitty's Papa နှင့် ဖျော်ဖြေရန် သဘောတူသည်ဟု ဆိုလိုတာမျိုး မဟုတ်ပါလား။

သူကိုယ်တိုင်က အဲဒါကို ဝန်ခံဖို့ ကိုယ့် သတ္တိမရှိတဲ့အတွက် ချက်ချင်းပဲ လုပ်လိုက်မျိုး၊ ဒါမှမဟုတ် အနည်းဆုံးတော့ အဲ့သလိုပဲ  အဓိပ္ပာယ်ပြန်လို့ ရနိုင် ပေတယ်—ချီကျင့် က သူတို့နှစ်ယောက်ရဲ့ လက်ရှိတွေးနေတဲ့အရာကို ခန့်မှန်းပြီး အလိုလိုပြုံးနေခဲ့လျက်။

exclusive rights to an online voice actor Where stories live. Discover now