ch 55.2

56 9 0
                                    

မှတ်ချက်ပေးသည့်အပိုင်းကို ဆက်လက်လုပ်ဆောင်ပြီး ပြိုင်ပွဲဝင် နှစ်ဆယ့်ခုနစ်ဦးအား  ပုယွီကျစ် က အကဲဖြတ်ခါနီးတွင် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ရှန်ယန့် က ရုတ်တရက် ကြားနိုင်ရုံလောက်တဲ့ အသံသာသာသာဖြင့် မေးလာခဲ့လျက် “ကိုယ်အမှတ်ဘယ်လောက်ရလဲ… သူတို့ဘယ်နှစ်မှတ်ပေးခဲ့လဲ? နောက်တစ်ဆင့် ကိုယ်တက်နိုင်ခဲ့လား"
   
  ဝေဖန်ချက်အပိုင်းကတော့ ဆက်သွားနေဆဲ။
  
သူ အမှန်တကယ်ပင် မသေချာ  ယောင်ဝါးဝါးဖြစ်နေတဲ့ ပုံစံပါပဲ။
   
ရှန်ယန့်ကို တည့်တည့်စိုက်ကြည့်ရင်း ချီကျင့် မျက်လုံးများက ပြူးကျယ်သွားကာ
   
    "မင်းရဲ့ စုစုပေါင်းရမှတ်ကို မကြားရသေးခင်မှာပဲ နားကြပ်ကို ချွတ်လိုက်တာလား။"
   
ရှန်ယန့် က တောင့်တင်းစွာ သက်ပြင်းချလိုက်လေရဲ့။
   
  "တောင်းပန်ပါတယ်။ ကိုယ့်စိုးရိမ်နေတာ.. ရလဒ်တွေက မင်းကိုပါ စိတ်ဓာတ်ကျသွားစေမှာကိုလေ။"
   
ထိုနေရာမှာသာ ရှိနေတဲ့လူတွေသာ အခု သူပြောခဲ့တဲ့ ဒီစကားတွေကို ပြိုင်ပွဲဝင်သူ ဘယ်လောက်များ  သွေးတက်ပြီး မေ့လဲသွားမယ်ဆိုတာ ဘယ်သူသိမလဲ။
   
ချီကျင့် ရှန်ယန့်ကြောင့် အံ့ဩင့်သွားသလို ရယ်မောသွားခဲ့ပေမာ့်လည်း ဤမတူကွဲပြားသော စိတ်ခံစားမှုများအားလုံး ရောယှက်ပြီး အရှုပ်အထွေးအဖြစ်သို့ ရောယှက်သွားသောအခါတွင် အရင်က ထွက်ပေါ်လာသော တုန်လှုပ်ချောက်ချားသည့် ခံစားမှုမှာ အနည်းငယ်သက်သာခဲ့လေပြီ။
   
ရှန်ယန့်ရဲ့ပါးပြင်ကို ပွတ်သပ်ပေးနေ သော သူ့ လက်ချောင်းထိပ်များတွင် နှလုံးခုန်သံ မြန်လာတာကိုပါ ခံစားလိုက်ရလျက်။
"အိုး... ဒါဆို မင်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိရမယ်မလား"   
   
သူ ခေါင်းငုံ့ကာ ရှန်ယန့်ရဲ့ နဖူးပြင်ကို ဂရုတစိုက် နမ်းရှုက်လိုက်ပြီး တစ်ဖက်လူရဲ့ မျက်နှာနှင့် သူ့မျက်နှာကို ညင်သာစွာ အပ်ထားလိုက်ခဲ့တယ်။

  ထို့နောက် သူ့ရင်ထဲမှာ အချိန်အတော်ကြာအောင် နစ်မြုပ်နေခဲ့တဲ့ စကားတွေကို ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
   
"အမှန်အတိုင်းပြောရရင် ငါမင်းကိုပြောချင်တာက..."
   
ထိုအချိန်တွင် ပုယွီကျစ်ရဲ့ စကားများက ဝင်ကာ ဖြတ်ပြောလာခဲ့လျက်။
   "အခု ပြိုင်ပွဲစကတည်းက အမျိုးအစားအားလုံးမှာ လေးမှတ် ချီးမြှင့်ခံရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်းဖြစ်တဲ့ နံပါတ် 28-8 ကို မှတ်ချက်ပေး တော့ပါမယ်။"  
     
  “အမျိုးအစားအားလုံးတွင် အမှတ်လေးမှတ်” ဟူသော စကားကို ရှန်ယန့် ကြားသောအခါ သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်လှုပ်သွားခဲ့လေတယ်။
  
ခေါင်းကို မော့လိုက်သောအခါတွင်၊ သူ့ကို နှုတ်ဆက်သည့် ပထမဆုံးသောအရာမှာ ချီကျင့်  ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုပင်။
   
"အဲဒါ မင်းကြားတယ်လား?" ချီကျင့် က
   "အခု မင်းရဲ့ ရမှတ်ကို သိသွားပြီ မဟုတ်လား"
   
  
“နံပါတ်နှစ်ဆယ့်ရှစ်ရဲ့အသံက တကယ်တော့ ကွဲကွဲပြားပြားမဟုတ်ပဲ နားထဲ ဆွဲသွားစေလောက်တဲ့ အထိတော့မဟုတ်ပါဘူး၊ ဒါပေမယ့် တကယ့်ကိုတည်ငြိမ်ပြီး မှန်ကန်တဲ့ခံစားချက်ကို ပေးနိုင်ပါတယ်။
အဘိုးရွယ်တွေရဲ့ အသံကို အတုယူနေချိန်မှာတောင် ဒီခံစားချက်ကို ထိန်းထားနိုင်တာက ပြိုင်ပွဲဝင်တွေကြားထဲမှာ  အလွန်ရှားပါတယ်။” 
   
ဒီတစ်ခါမှာတော့ ပုယွီကျစ် သူမ မှတ်ချက် ပေးနေစဉ်မှာ ရှား ရှားပါးပါး အပြုံးရိပ် သန်းနေလျက်။
   
  
“အသံသရုပ်ဆောင်တယ် ဆိုတာရဲ့  အဓိက အချက်က အသံကို ထောက်ပံ့ပေးနိုင်တာပါပဲ။
ဒီနေရာမှာ စင်မြင့်ဖျော်ဖြေပွဲနှင့်  အသံသရုပ်ဖော်တာတွေရဲ့အကြားက သိသိသာသာ ကွာခြားချက် တစ်ခုဖြစ်ပြီး 《Order to End the Heavens' က ဂိမ်းတစ်ခုဖြစ်တယ် ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားရရင် ဂိမ်းအတွင်းက ဇာတ်ကောင် တွေအဖြစ် ပြိုင်ပွဲဝင်တွေကမြင်ကတဲ့အရာပါပဲ။
    
    ဒါ့ကြောင့်၊ အသံက ဇာတ်ကောင်ရဲ့ပုံသဏ္ဍာန်နဲ့ ကိုက်ညီကြောင်း သေချာစေဖို့အတွက်၊ အသံသရုပ်ဆောင်တွေကလည်း နဂိုမူရင်းအသံ တတ်နိုင်သမျှ ဖုံးကွယ်ထားဖို့ လိုအပ်ပါတယ်—အသံက  ဇာတ်ဝင်ခန်းထဲကနေ မကွဲထွက်သွားစေဘဲ တည်ငြိမ် နေသင့်ပါတယ်။ ဒီလိုအခြေအနေမှာ အသံနဲ့ရုပ်က ထူးထူးခြားခြား အသံ ထွက်လာရင် လူတွေလည်း နားထောင်ချင်တော့မှာ မဟုတ်ပါဘူး
   
ဒါကပဲ ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့ ဂိမ်းဒက်ပ်၊ ရိုးရာ အော်ဒီယိုဒရာမာတွေအကြားက အကြီးမားဆုံး ကွာခြားချက်ပါပဲ။"

exclusive rights to an online voice actor Where stories live. Discover now