ch 93

70 10 2
                                    

သားအဖလို့ ဆိုတာ ထည့်ပြောစရာမလိုအောင်ပင် သူတို့ရဲ့ စာသားတွေကတောင် တူညီတဲ့ ပုံစံခွက်ထဲပါပဲ။ထိုအတွေးကြောင့် ချီကျင့် နှုတ်ခမ်းများက မြင့်တက်သွားခဲ့ပေမယ့် အပြုံးပုံစံ အပြည့်ဝတော့ မဟုတ်နိုင်ခဲ့ ။


တကယ်တော့ သူ့အဖေရှေ့မှာ လုံးလုံးပြုံးမပြနိုင်ခဲ့တာ ကြာပါပြီ။

ထိုအပြုံးတစ်ဝက်ဖြင့်ပဲ ချီကျင့်  က "ကျွန်တော်  အိမ်ကိုဒီတိုင်း ဖုန်းခေါ်တာပါ... အဖေဘယ်လိုနေလဲ မေးကြည့်..."

သူ့ညီနဲ့ စကားပြောတဲ့အခါ က တုံ့ပြန်ပုံနှင့် မပြောင်းလဲပေ။

သူ့ရဲ့ အသံက ပို၍ ချဉ်စူးလာကာ သူ့နှာခေါင်းထိပ်ကို ပိတ်ထားသလို အားနည်းလာခဲ့ပြီး မချောမွေ့လာတော့။ချီကျင့် တကယ် သူ့ဘယ်ဘက်လက်က  ဒဏ်ရာ မနေခဲ့ ဖို့ ဆုတောင်းနေမိတယ်။ ဒါ့မှသာ သူ ဖုန်းကို လက်နှစ်ဖက်နှင့် ကိုင်နိုင်မှာ ဖြစ် ပေမယ့် ယခုမူ သူ့လက်တွေက တုန်ရီနေလွန်းသဖြင့်  နောက်ဆုံးမှာ ဖုန်းကိုချမိမလား တောင် သူမသိ။


ဖုန်းခေါ်ဆိုမှု၏တစ်ဖက်မှလူက စက္ကန့်တစ်ဒါဇင်ခန့် တိတ်ဆိတ်သွားလေပြီ။

“ပြောစရာ မရှိဘူး”

မျှော်လင့်ထားသလိုပဲ သူတို့ရဲ့ အဖြေကတောင် အတူတူပါပဲ။ ဤကဲ့သို့ စကားစမြည်ပြောလာသည်နှင့်အမျှ သူတို့ တဖန် ငြိမ်သက်တိတ်ဆိတ်သွားပြန်ရဲ့။

မျှော်လင့်ထားသည့်အတိုင်း သူလည်း ဖုန်းချလိုက်တော့မယ့်ပုံပင်။

ဖုန်းမခေါ်ခင် အေးစက်တဲ့လေကိုရှုရှိုက်မိတာ များသွားလို့များလား ဟူ၍ပင်  ချီကျင့် က ထင်လာခဲ့တယ်၊

သူ့ရင်ဘတ်မှာ အရိုးထိအေးနေတဲ့ အအေးဓာတ်ကို ခံစားရနိုင်ပြီး၊ သူ့ပခုံးတွေတောင် တုန်လှုပ်သွားစေလျက်သား။ သူ့အသံကို  အစွမ်းကုန်ကြိုးစားပြီး ထိန်းကာ
“ကောင်းပြီ… ကျွန်တော်နားလည်ပြီ”

နောက်တစ်ယောက်ကတော့ ပြန်မဖြေလာ။

ချီကျင့် ၏လက်မသည် ခေါ်ဆိုမှုခလုတ်အပေါ်တွင် ပျံဝဲနေသော်လည်း ထိုအချိန်တွင် ၎င်းကိုနှိပ်ချရန် ဆုံးဖြတ်ချက်မချရသေးပေ။

exclusive rights to an online voice actor Where stories live. Discover now