ch 72

78 8 4
                                    

သူ့ရင်ဘတ်မှာ ဧရာမကျောက်တုံးကြီးတစ်ခုနှင့် ဖိထားသလိုမျိုး လေးလံနေသလို ခံစားလိုက်ရပြီး မည်မျှပင် ခတ်ခတ်ခဲခဲ ကြိုးစားနေပါစေ အိပ်မပျော်နိုင်လောက်အောင် လေးလံနေလျက်။အိပ်ယာပေါ် လှဲရင်း မျက်လုံးတွေ မှိတ်ထားလိုက်တာ အခုဆို မနက် ၁ နာရီကျော်သွားခဲ့ပြီ။

ရှန်ယန့်ဘေးမှာ အတူအိပ်တဲ့ အချိန်ကစလို့... ကောင်းကောင်းမအိပ်နိုင်ခဲ့တာမျိုးက မဖြစ်တာ အတော်လေး လှနေပြီပင်။

ချီကျင့် ထိုကဲ့သို့သော အပျက်သဘောဆောင်တဲ့ခံစားချက်များကို နောက်နေ့များထိ ဆက်လက်စိတ်ထဲ ထားနေတာက ရှားသော်လည်း ဒီတစ်ကြိမ်ကတော့ ခြွင်းချက်ပင်။

လူတိုင်းမှာ ကိုယ်ပိုင် သည်းခံနိုင်တဲ့ စည်းဆိုတာရှိတယ်။

ထို့အတူ သူရဲ့ စည်းကတော့ ရှန်ယန့်ပဲ။

"မနေ့ညက အဖြစ်အပျက်အကြောင်း တွေးနေတုန်းပဲလား"

ချီကျင့်   မျက်မှောင်ကြုတ်ကာ အတွေးထဲတွင် ပျောက်ဆုံးနေဆဲ အချိန်မှာဘဲ ပူနွေးပျော့ ပျောင်းသော အရာတစ်ခုက သူ့မျက်နှာအထက် ရုတ်တ ရက် ကပ်လာသောအခါ သူလန့်သွားလေရဲ့။
 
သူ ခေါင်းကို ဆတ်ကနဲ့ လှည့်လိုက်လေတယ်။

အနီးကပ်စစ်ဆေးကြည့်သောအခါတွင်။ ရှန်ယန့် သယ်ဆောင်လာသော အိတ်တစ်လုံးဖြစ်ကြောင်း သိလိုက်ရကာ အိတ်အတွင်းတွင် လတ်လတ်ဆတ်ဆတ် ပေါင်းထားသော ပေါက်စီအချို့ရှိပြီး အနံ့က စက္ကူအိတ်ထဲ မွှေးပျံ့နေလျက်။
   
သူက စက္ကူအိတ်ကို ချီကျင့် ရဲ့ မျက်နှာကနေ အဝေးကို ရွှေ့လိုက်ရင်း ရှန်ယန့် ရဲ့ နှုတ်ခမ်းလေးအထက် အပြုံးလေးတွေ ပေါ်လာကာ
   
“ကိုယ် မင်းကို ခေါ်နေတာ ကြာပေမယ့် မင်းက မတုံ့ပြန်လာဘူးလေ။ နောက်ဆုံးတော့ မင်း ကိုယ့်ကို ကြည့်လာပြီပဲ။"

ထိုအချိန်တွင်၊ ချီကျင့် လုံးဝ အံသြသွားခဲ့လေပြီ။ “မနက်စာကို ဒီလိုမျိုး သုံးလို့ရတယ်ဆိုတာ ဘယ်သူသိမှာလဲ။ မင်းက တကယ့်ကို စပရိုက်တွေ တိုက်တတ်တာဘဲ။"

ရှန်ယန့်က သူ့နှုတ်ခမ်းထောင့်များကို ရိုးရှင်းစွာ ပင့်လာလိုက်သော်လည်း ထိုစကားများကို သူတုံ့ပြန်ခြင်းမရှိပေ။ အိတ်ထဲမှ ပေါက်စီတစ်လုံးကို ထုတ်ယူပြီး နောက်တစ်လုံးကို ပေးလိုက်ကာ
   
“ပူပူလေးမှ စားရင် ပိုကောင်းတယ်လေ။ကိုယ် နောက်ထပ် ပဲနို့နှစ်ခွက် သွားယူလိုက်ဦးမယ်။”

exclusive rights to an online voice actor Where stories live. Discover now