ချီကျင့် ယခင်က ဧကရာဇ်အဖြစ် အသံသရုပ်ဆောင်ခဲ့ဖူးပြီး ထုံချွေ့ထိုင်လည်း ထို့နည်းအတူပင်။
ဒါပေမယ့် သူတို့ရဲ့ အသံအမျိုးအစားတွေက ကမ္ဘာခြားသွားတဲ့အတွက် ချီကျင့် ရရှိမယ့် ဇာတ်ရုပ်တွေကတော့ ပါးစပ်ထဲမှာ ငွေဇွန်းတစ်ချေသာင်းနဲ့ မွေးဖွားလာတဲ့ ပြေပြစ်ပြီး ကျက်သရေရှိတဲ့ ဧကရာဇ်မင်းတွေရဲ့ ဇာတ်ညွှန်းအများစုဖြစ်တဲ့ “တိုင်းပြည်ကို မချစ်ဘူး၊ အဲ့အစားအလှလေးကိုပဲ မေတ္တာ သက်ဝင်မယ် ” လမ်းကြောင်း ပါပဲ။
အဲ့အတောအတွင်းမှာ ထုံချွေ့ထိုင်ကတော့ ကမ္ဘာကို ကြောက်ရွံ့ထိတ်လန့်စေကာ လူမျိုးတို့ကို စည်းစည်းလုံးလုံးဖြစ်စေကာ အုပ်စိုး ခြယ်လှယ်တတ်သော ဧကရာဇ်မင်းများကို မကြာခဏ သရုပ်ဆောင်လေ့ရှိပြီး သူတို့ချစ်ရသူကို လက်ဖဝါးအတွင်း လုံခြုံစွာထားနိုင်ကာ ချစ်သူအပေါ် ကြိးစိုးကာ အလွန်အစွဲအလမ်းကြီးကြသော ဧကရာဇ်မင်းများပင်။
သို့သော် ⟪Order to End the Heavens⟫ မှဝည
“ဧကရာဇ်ချန်” က ၎င်းတို့နှစ်ဦး ယခင်က သရုပ်ဆောင်ခဲ့ဖူးသည့် အခြားဧကရာဇ်များနှင့် မတူပေ။
သူက အုပ်စိုး သော နယ်မြေရှင်တစ်ဦးရဲ့ ရှုံးနိမ့်မှု၊ အသက်အရွယ်ကြီးရင့်နေသော်လည်း၊ မသေမျိုးဆေးများ အလွန်အကျွံသောက် နေခြင်းကြောင့် စိတ်အစဉ်က အမြဲပြောင်းလဲတတ်နေတတ်ပါရဲ့။ဒါ့အပြင် စိုးရွံ့တတ်ပြီး စိတ်အနှောက်အယှက်အဖြစ်လွယ်စေကာ၊ မယုံကြည်ရသော လူယုံတော်များရဲ့ စကားနားယောင်၍ သံသဃ မျိုးစေ့များ စိုက်ပျိုးကာ ဘယ်သူ့ကိုမှ မယုံကြည်သော လူပင်။
သူက ⟪Order to End the Heavens⟫ရဲ့ မူရင်းဝတ္ထု—၌ အဓိကဗီလိန် ဖြစ်လေတယ်။
ထုံချွေ့ထိုင် ရဲ့ပရိသတ်တွေက ၎င်းတို့ရဲ့ idol က ဗီလိန်ဇာတ်ဆောင်အတွက် ယှဉ်ပြိုင်လိုသည့်အချက်ကြောင့် အနည်းငယ်စိတ်ပျက်ခဲ့ကြသော်လည်း ဤ audition က ၎င်းတို့၏နတ်ဘုရားအတွက် သွေးပူအောင် လုပ်တာသာ ဖြစ်ကြောင်း ပြန်ပြောင်းသတိရလာသောအခါတွင် ၎င်းတို့က လျင်မြန်စွာ ပြန်လည်အားပေးခဲ့ပါရဲ့။
ထို့အပြင် “ဧကရာဇ်ချန်” ကဲ့သို့သော ဗီလိန်သရုပ်ဆောင်က “အမတ်ရွှမ်ယန့်” သို့မဟုတ် အမျိုးသားဇာတ်ဆောင် “ချင်းသော်” ကဲ့သို့ ဇာတ်လိုက်ဇာတ်ကောင်ကဲ့သို့ နှစ်ခြိုက်စရာကောင်းတယ်ဟူသော စကားလုံးနှင့် ဝေးကွာလှပေတယ်။
YOU ARE READING
exclusive rights to an online voice actor
RomanceAuthor(s) He Jian Jiao (Yan Qiu) 荷尖角(焱蕖) Artist(s) N/A Year 2013 Status in COO 152 Chapters (Completed)