ch 96

79 14 5
                                    

နင်ရှောင်ရှောင်သည်လည်း ချီကျင့် ထံမှ ဖုန်းလက်ခံရရှိခဲ့ပါရဲ့။

“Lord Truth” ရဲ့ပို့စ် အားဖတ်ပြီးသောအခါ  ချီကျင့်ရဲ့ဖုန်းကို အကြိမ်ပေါင်းများစွာ ခေါ်ဆိုခဲ့သော်လည်း မအောင်မြင်ခဲ့၍ချွေအေးများထွက်လာခဲ့ပြီး    ချီကျင့်ထံမှဖုန်းခေါ်ဆိုလာခဲ့ကားအကြောင်းရာပြီးနောက်မှာပဲ တကယ်မိန်းကလေးမဆန်သော အမူအရာနှင့်ပါးစပ်အဟောင်းသာဖြစ်သွားခဲ့လေပြီး။

“စီနီယာ!”

သူ့ရဲ့အယ်ဒီတာရုံးခန်းထဲမှာရှိနေဆဲဖြစ်သော်လည်း သူမရဲ့ပုံရိပ်တွေဘာတွေ မစိုက်နိုင်တော့ဘဲကျယ်လောင်စွာအော်ဟစ်လိုက်လျက်။

ဖုန်းကိုကိုင်ထားတဲ့လက်ဟာလည်း သူမရဲ့ နှလုံးသားကဲ့သို့ တုန်ရီနေခဲ့ပါတယ်။

"မနက်ကတည်းက ခေါ်နေတာကိုဘာလို့ဖုန်းမကိုင်ရတာလဲ?
တကယ့်ကိုပြဿနာတွေတက်နေတာကိုစီနီယာကမသိဘူးလား!"



“အာ၊ ဒီနေ့အရေးကြီးတဲ့အင်တာဗျူးရှိလို့ ငါ ဖုန်း ကိုအသံပိတ်ထားလိုက်တာ။”


ရှန်ယန့်ရဲ့အမေနဲ့စကားပြောနေစဉ်အတွင်းမှာဘာအနှောက်ယှက် မျှ ပေါ်မလာစေချင်တာမို့သူ့ဖုန်းအား သုံညအထိ အသံတိုးထားခဲ့ခြင်းပင်။

ထိုကိစ္စပြီးသွားတဲ့အခါမှာလည်း နင်ရှောင်ရှောင် ထံမှ ဖုန်း တသီကြီး ခေါ်ထားတာကိုတွေ့ပေမယ့်လည်း  သူမခေါ်ဆိုတဲ့အကြောင်းအရာကို အနည်းနဲ့အများခန့်မှန်းမိတာမို့ ပြန်ခေါ်ရဲ့အလျင်မလိုခဲ့။

သူ့ရဲ့ ဂျူနီယာလေးအား ဒီတိုင်းသာ ပစ်ထားခဲ့မိလေတယ်။


“စီနီယာ! ညီမ ပြောတာကိုနားထောင်! ဖိုရမ်က ပို့စ် တစ်ခု—”


“ငါအဲဒါကိုမြင်ပြီးသွားပြီ”

နင်ရှောင်ရှောင်က အဲ့ဒီ ပို့စ် ရဲ့အကြောင်းအရာကိုပြောပြတော့မယ့်အချိန်မှာပဲ သူ့စီနီယာကဖတ်ပြီးပြီဟု ပြောလာ၍ သူမ ပြောမဲ့ စကားလုံးများတောင် နင်သွားလျက်သား။

အချိန်ခဏကြာပြီးနောက်မှာ  မဝံ့မရဲ ပြောလာခဲ့တယ်။

“ဒါဆို…စီနီယာက ထုံချွေ့ထိုင်နဲ့ အတူဆက်ပြီးအလုပ်တွဲလုပ်အုံးမှာလား။…”

exclusive rights to an online voice actor Where stories live. Discover now