ch 77

71 10 3
                                    

"အဲဒါဘယ်သူလဲ" မဟုတ်။

"ငါသူ့ကိုမသိဘူး" မဟုတ်။

၎င်းက ငြင်းဆိုခြင်းမဟုတ်ပေ၊ ဆန့်ကျင်ဘက်ပင်—“ဘာလို့မေးတာလဲ” ဟူသော စကားထဲတွင် သူတို့ အချင်းချင်း သိနေတာ ကို အရင်းခံသော ခိုင်လုံနေသည့်  လေသံပါရှိတာက အသေချာပါပဲ။

" အော် ဒါဆို မင်းပဲပေါ့-" ချီကျင့် ရုတ်တရက်  သဘောပေါက်သွားလေပြီ။

Sleek horsesက ထိုစကားလုံးများကို မှတ်ချက်မပေးဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပုံက ချီကျင့်ရဲ့ခန့်မှန်းချက်ကို ပိုသေချာသွားစေပါရဲ့။

"နောက်ဆုံးတော့ ငါသိသွားပြီထင်တယ်"

သူ့ဖာသာသူ ပြောလိုက်ကာ ဖန်သားပြင်ပေါ်က သူ့မျက်နှာက "ငါးသေမျက်လုံး" အဖြစ် ပြောင်းလဲသွားလေတယ်။

သူကိုယ်တိုင်တောင် သတိမထားမိပေမယ့် လည်း အကြောင်းပြချက် အချို့ကြောင့် "အဲ့ အချိန်ကိုဘဲ IRL တွေးနေမိလို့ 2Dက ခင်ဗျားရဲ့ တည်ရှိမှုအကြောင်း ကို မေ့သွားခဲ့တာ...အတွေးလွန်ပြီး ‌အတော်လေး သိသာ နေတဲ့ အဖြေကို မေ့ နေခဲ့တာပဲ"

ဒီလူကို သူအရင်စဉ်းစားမိခဲ့သင့်တာ။

ထို “Return Date နဲ့ ဆင်တဲ့ အသံ” ဆိုလျှင်ပင် သူ အစကတည်းက သဘောပေါက်မိသင့်လေတယ်။


ထိုအချိန်တွင် Sleek horsesက ရယ်မောလာကာ “ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ID ကို ငါစသိတဲ့ အချိန်တုန်းကလည်း သူ့ကြောင့်ပဲ”

ချီကျင့် အံ့အားသင့်သွားလေကာ ၊  စကားစမြည်ပြောနေတုန်း သူစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကို ပေါ်လာသောအခါတွင်  သူထိုနေကျ  ဟန်ကို အနည်းငယ် ချိန်ညှိလိုက်ရာ ကျောမှာ ဖြောင့်တန်း လာလျက်သား။

Sleek horsesက
“အစကတော့၊ ဒီအစားထိုးလို့ခေါ်တဲ့ အသံက ငါ့နဲ့ ဘယ်လောက်ဆင်တူလဲဆိုတာကို ငါကိုယ်တိုင်ကားချင်ခဲ့တယ်။

မင်းရဲ့ အော်ဒီယိုဒရာမာဇာတ်လမ်းတွဲတွေကို ပထမဆုံးကြားလိုက်ရတဲ့အခါ ငါတကယ်ကို အံ့သြသွားခဲ့တာလေ... ဒါပေမယ့် ပိုပြီးသေချာနားထောင်လိုက်တော့၊ မင်းနဲ့ငါ့ရဲ့ကြားကအရေးကြီးတဲ့ ခြားနားချက် တချို့ကို ငါ တွေ့လိုက်ရတယ်"

exclusive rights to an online voice actor Where stories live. Discover now