ch 61

56 9 0
                                    

မိသားစု..

သူဒီလိုပြောလိုက်တာက လက်ထပ်ခွင့်တောင်းလိုက်သလိုပါပဲ…

ပြောတဲ့သူ ကိုယ်တိုင်ကိုက သတိမထားမိပေမယ့် ကိစ္စမရှိပါဘူး။ ပြီးတော့ဒီလောက်ဆို သူ့ဖာသာသူလည်း သူ့စိတ်ထဲ တိတ်တိတ်လေး ကတိတွေ ရေးသွင်းဖို့ လုံလောက်လေပြီ။

လျှပ်တပြက်တွင်၊ ချီကျင့်နှုတ်ခမ်းများက ပြုံးပြလိုက်သော်လည်း အပြည့်အ၀ ပုံမပေါ်သေးခင်မှာ ရှန်ယန့်က အလွန်နီးကပ်လာပြီး ရှန်ယန့်ရဲ့ ထွက်သက်ဝင်သက်က သူ့နှုတ်ခမ်းများအထက် ခံစားလိုက်ရလေတယ်။
   

    ထိုအခိုက်အတန့်တွင် သူရဲ့ စိတ်ခံစားမှုများ ပြည့်လျှံလာလေရဲ့။
   
သူပြုံးတာကို ရပ်လိုက်မိပြီး သူ့စိတ်တွေတောင် လွတ်ထွက်သွားခဲ့လျက်။ သူလုပ်နိုင်သမျှကတော့ မျက်လုံးတွေကိုမှိတ်ပြီး အပြည့်အ၀အနမ်းတစ်ခုပုံပေါ်လာတဲ့အထိ သူတို့ကြားက အကွာအဝေးကို ဖြည်းဖြည်းချင်းလျှော့ချရုံပင်။

ယခုမှာ အရင်က အနမ်းတွေနဲ့ မတူပေ။

၎င်းက ပို၍ ဆိတ်ငြိမ်လှကာ၊ ပို၍လည်းသဘာဝကျလေတယ်၊ ထိုအမျိုးသားရဲ့ မွေးရာပါ ဗီဇလိုပါပဲ။

ထိုအချိန်တွင် ရှန်ယန့် နှုတ်ခမ်းများမှာ သူ့ကိုယ်ပိုင်နှုတ်ခမ်းများနဲ့ ထိတွေ့ပြီး  ချိတ်ဆိတ်ထားလိုက်ရာ သူ့ဗီဇ ပါဖြစ်လာဟန်။
   
နေရာမှန်အား ရှာတွေ့သောအခါတွင် ပို၍ပင် ပြင်းထန်စွာ တဖန်ရှာဖွေခဲ့ပြန်လေပြီ။
   
   
သူ ပင်လယ်အောက်ခြေတွင် နစ်မြုပ်သွားသလိုမျိုး ၊တစ်ဖက်လူရဲ့ အသက်ရှူမှုကိုသာ အားကိုးနေရပြီး ဤစက္ကန့်အနည်းငယ်အတွင်း ထို အနမ်းကြောင့်သာ အသက်ရှင်နေ ရသကဲ့သို့ နမ်းရှိုက် နေခဲ့ကြလေတယ်။
   
   
သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမှာ  သေဆုံး နေသလို ဖြစ်ပြီးတဲ့နောက်မှာ အသက်ရှင်ဖို့ အကြောင်းပြချက်ရှိလာတာထက် ဘယ်အရာကမှ ပိုတန်ဖိုးမရှိပါဘူး။

သူတွေးနေသလိုပဲ စကားတစ်ခွန်းမှ မပြောဘဲ သူ့မျက်ရည်တွေကို နှုတ်ခမ်းချင်းထိတဲ့ နေရာဆီသို့ တိတ်တိတ်လေး စိမ့်ဝင်ခွင့်ပြုလိုက်တယ်။

exclusive rights to an online voice actor Where stories live. Discover now