အစပိုင်းကို Media မှာ ထည့်ပေးထားတဲ့ 'Die with a smile ' နဲ့ တွဲ နားထောင်ရင်း ဖတ်ကြည့်ဖို့ recommend ပေးပါတယ်(◕ᴗ◕✿)
ချီကျင့် က သူပြည်နယ်မြို့တော်ကို ပထမဆုံးရောက်တဲ့နေ့ကို ပြန်သတိရမိတယ်။သူ့လက်ထဲတွင် ⟪City Guide⟫ စာစောင်ဟောင်းကို ကိုင်ထားရင် တစ်ယောက်တည်း ရထားပေါ်မှ ဆင်းလာခဲ့တယ။ ပုံနှိပ်ထုတ်ဝေခဲ့သည်မှာ သုံးနှစ်မျှသာရှိသေးသော်လည်း ရထားဘူတာက အသစ်ဖြစ်ပြီး ယခင်အမှိုက်ပုံ နေရာများကို အစားထိုးတဲ့ ဖွံ့ဖြိုးတိုးတက်မှုဧရိယာတွင် တည်ဆောက်ထားခြင်းပသ်။ ဆိုလိုသည်မှာ မြေပုံပေါ်တွင် အမှတ်အသားမရှိသော မီထရိုဘူတာ၊ အမှတ်အသားပြုထားသည့် ဘတ်စ်ကားမှတ်တိုင်ဟူ၍ မရှိ၊ လိုက်ရမည့်လမ်းမရှိ ဟူ၍။
ထိုကဲ့သို့ပင် အရာအားလုံးက နားမလည်နိုင်လောက်အောင် ဖြစ်သွားခဲ့ပြီး သူဘာလုပ်လို့လုပ်ရမှန်းမသိ။
သူ့လမ်းပျောက်စေရန် မြေပုံအသစ်တစ်ခုဝယ်ပြီး ဤနေရာနှင့် တစ်ဖန်ပြန်လည်ရင်းနှီးရန် လိုအပ်ပေတယ်။
လောလောဆယ်မှာလည်း ဒီလိုပါပဲ။
ရှန်ယန့် လို့ ခေါ်တဲ့ ပဟေဠိ လေး ကို ပေါင်းစပ်လိုက်တဲ့အခါ သူ့မှာ ပဟေဠိ အပိုင်းအစတွေ အားလုံး ရှိ မနေဘူးဆိုတဲ့ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အမှန်တရားကို ရုတ်တရတ် သိလိုက်ရတဲ့အခါ- သူ အပြည့်စုံ အကောင်ထည်ဖော်ချင်ပေမယ့် သူ့လက်ထဲမှာရှိတဲ့ ပဟေဠိအပိုင်းတွေက မလုံလောက်ခဲ့...
"မင်း အလုပ်က မကြာခင်ဆင်းတော့မှာလား"
ရှန်ယန့် ဓာတ်ခွဲခန်းအတွင်း ခေါင်းငုံ့ထားကာ အဏုဇီဝစစ်ဆေးချက်အစီရင်ခံစာကို လောလောဆယ် ချရေးနေလျက်။ ဝင်ပေါက်မှ ချီကျင့် ၏အသံကို ရုတ်တရက်ကြားလိုက်သောအခါတွင် သူ လန့်ဖျပ်သွားပြီး သူဖာသာသူ ကြား ယောင်နေတာပဲဟု တွေးကာ ခေါင်းကို နောက်သို့လှည့်လိုက်သောအခါတွင် သူ ကြားယောင် နေတာမျိုး မဟုတ်ကြောင်း သိလိုက်ရလေရဲ့။ ချီကျင့် က သူ့ကိုကြည့်ရင်း တံခါးဘောင်ကို မှီပြီး ရပ်နေခဲ့တယ်။
"ဘာလို့..." ဒီမှာရှိ နေတာ။
ဤအံ့အားသင့်မှုကြောင့် ရှန်ယန့်ရဲ့ အပြောအဆိုနှင့် လှုပ်ရှားမှုနှစ်ခုစလုံး တုန်လှုပ်ချောက်ချားမှုမှ နှေးကွေးလာလေလျက်သား။
YOU ARE READING
exclusive rights to an online voice actor
RomanceAuthor(s) He Jian Jiao (Yan Qiu) 荷尖角(焱蕖) Artist(s) N/A Year 2013 Status in COO 152 Chapters (Completed)