ch 104

72 12 1
                                    

သူနဲ့ထိုက်တန်တယ်၊ သူ နဲ့တကယ်ထိုက်တန်တယ်။

ချီကျင့် က သူ့စိတ်ထဲမှာ တိတ်တဆိတ် သဘောတူလိုက်ပေမယ့် မသိစိတ်ဖြင့် ရယ်နေခဲ့တယ်။ နောက်ဆုံးတော့ လှပတဲ့အဆုံးသတ်တစ်ခုဖြစ်သွားခဲ့လေပြီ- "ဒါပေမယ့် အခု မင်းပျော်နေပြီမဟုတ်လား"

မထင်မှတ်ပဲ ခေါက်ဆွဲ အသံက ခဏတာ ပျောက်သွားခဲ့တယ်။

အချိန်အတော်ကြာပြီးနောက် သူသည် ဖြည်းညှင်းစွာပြောလာလေရဲ့

"... ငါပျော်လား မပျော်ဘူးလား မသိဘူး၊
အဲဒါက  အစစ်အမှန်မဟုတ်ဘူးလို့ ခံစားရတယ်။
ဒီလူကို ငါသိတာ တစ်နှစ်ကျော်ပြီ၊

အဲ့အချိန်အတွင်းမှာ ငါတို့ က ပြတ်လိုက် ပြန်ပေါင်းထုပ်လိုက်၊ ခွဲခွာလို့မရအောင်  ကပ်နေခဲ့ကြတာ ကလည်း အပြန်ပြန်အလှန်လှန်ပဲ ဒါ့ကြောင့်ငါ… ငါ အတော်လေး ထုံလာပြီးတော့ သူနဲ့ဆက်မပတ်သက်ဖို့ ဆုံးဖြတ်လိုက်တယ်။
အလုပ်ကထွက်ပြီး ပေကျင်းကနေ ထွက်သွားတော့ မလို့ ပြင်ဆင်နေတုန်းမှာပဲ သူဒီလို လုပ်လာခဲ့တာ။”


ချီကျင့် အံ့သြသွားလေပြီ။ သူ့နှလုံးသားထဲတွင် အနည်းငယ်တုန်ယင်ရီလာကာ နှုတ်ခမ်းများ အထက်မှ အပြုံးဟာလည်း ပျောက်သွားသလို၊ လေထုကလည်း တခဏချင်း အေးခဲလာလျက်။

“အဲဒါသလိုလား…”

ရုတ်တရတ် သူအားနာလာသလို ခံစားလိုက်ရပြီး

“တောင်းပန်ပါတယ်၊ငါက အသေးစိတ် အချက်အလက်အားလုံးကို မသိခဲ့တာမို့ မပြော မှားသွားတာရှိရင်ငါ့ကို ခွင့်လွှတ်ပါ”

“အဲဒါက ပြဿနာမဟုတ်ဘူး၊”

တစ်ဖက်လူက စိတ်မ၀င်စားဘဲ ညစ်ညမ်းသောလေသံဖြင့် ပြောလာခဲ့လေတယ်။

“တကယ်တော့ ငါ့မှာလည်း တော်တော်လေးဆိုးတဲ့ အကျင့်စရိုက်ရှိတယ်၊

ဒါကြောင့် သူ အဲဒီထိ ရောက်သွားခဲ့တာက  ငါကြောင့်လည်း ပါတယ်။

လက်စားချေတဲ့ ပုံစံတစ်မျိုးလို့ တွေးလို့ရတယ်။

Return Date၊ မင်းရဲ့နေထိုင်မှုပုံစံက ငါတို့နဲ့ လုံးဝမတူဘူး။ တချို့အရာတွေက… မင်းမသိတာ ပိုကောင်းလိမ့်မယ်။”

exclusive rights to an online voice actor Donde viven las historias. Descúbrelo ahora