ch 66

73 7 0
                                    

ကျောက်စိမ်းလိပ်ပြာ နောက်ဆုံးတော့ ပေါ်လာတော့ မနက် 10 နာရီလောက်မှာပါပဲ။

ထိုနာရီမျိုးတွင် အွန်လိုင်းတက်နိုင်သူ နှစ်မျိုးသာရှိလေရာ—မိမိတို့အဆိုင်းတွင် ခိုးကြောင်ခိုးဝှက် အနားယူမည့်သူများနဲ့ အိမ်၌ ပျော်ရွှင်စွာ ကွေးနေတဲ့သူများဟူ၍။

ကျောက်စိမ်းလိပ်ပြာကတော့ နောက်ဆုံးအမျိုးအစားဆိုတာ ထင်ရှားလှတယ်။ အသံချတ်သုံးနိုင်လားဟု မေးသောအခါ သူမကသဘောတူပြီး ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သည့်အခါ  ချီကျင့် သူမရဲ့ အလှကုန်ပစ္စည်းများရဲ့ အသံကို ကြားနေရဆဲ—သူမရဲ့ အိမ်တွင် သက်တောင့်သက်သာရှိသော နံနက်ခင်း အသားအရေထိန်းသိမ်းမှု ပုံမှန်လုပ်ဆောင်မှုရဲ့ အလယ်တွင် ရှိနေပုံရလေတယ်။

"မင်္ဂလာနံနက်ခင်းပါ မစ် လိပ်ပြာ"
   
ယခင်က သူ့အား လူကြီးလူကောင်းဟု ခေါ်ဖူးတာကို သတိရသောကြောင့် အမျိုးသမီးတစ်ဦးအား နှုတ်ခွန်းဆက်ခြင်းကို လစ်လျူမရှုနိုင်ခဲ့ပေ။

   
"အဲ့ဒီပုံကို ရှင်မြင်ပြီးလား Return Date။ အဲဒီလူ၊ Crossing the noodles bridge  က  တကယ်ကို စွဲလမ်းနေတာပဲ၊ ကံကောင်းလို့ ကျွန်မတို့ စောစောစီးစီး သိလိုက်ရလို့။”
   
အခြားတစ်ဖက်ရှိ ကျောက်စိမ်းလိပ်ပြာ ရဲ့ လေသံမှာ  ဖြောင့်မှန်သောဒေါသနှင့်ပြည့်နေခဲ့သော်လည်း —သို့တိုင်  သူမအသားအရေထိန်းပစ္စည်းစုပ်ယူမှုကို မြှင့်တင်ဖို့  သူမမျက်နှာအား ပုတ် နေတဲ့ အခိုက်ကို ရပ်လိုက်တဲ့ အချိန် တစ်ခါမျှပင် မရှိခဲ့ပေ။

ချီကျင့် တုံ့ဆိုင်းသွားပြီးနောက် အဖြစ်အပျက်များ၏ အစီအစဥ်ကို စီစဥ်ရန် အရင်ကြိုးစားရန် ဆုံးဖြတ်ခဲ့တယ်။

“မစ် လိပ်ပြာ၊ ဒီပုံကို ဘယ်တုန်းက ရခဲ့တာလဲ။ မင်းကို ဘယ်သူဆီကပေါက်ကြားလဲလို့ တော့မေးမှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းအချိန်ကို တော့လင်းပေးနိုင်မလား"

"လွန်​ခဲ့တဲ့နှစ်​ရက်​က ကျွန်​​မ​ရခဲ့တာ​။"

လွန်ခဲ့သည့်နှစ်ရက်က… ဒါနဲ့ Crossing the noodles bridge  က ဆီမီးဖိုင်နယ် ပထမအကျော့တုန်းက သူ့ကို အားပေးဖို့ ဖိတ်ခေါ်တဲ့ အချိန်နဲ့ အတူတူပါပဲ။

exclusive rights to an online voice actor Where stories live. Discover now