ch 86

63 9 0
                                    

တောင်းပန်ရမှာလား?

ဒါပေမယ့် သူသာ တကယ်တောင်းပန်လိုက်ရင် ဒါက သူ့ရဲ့ အဆုံးသတ် ဖြစ်သွားမှာ မဟုတ်ဘူးလား။

ပထမတော့ ချီကျင့် က စာပြန်ဖို့ မရည်ရွယ်ပေမယ့် အဲဒီစာကို မြင်တော့ ဒေါသနဲ့ ရယ်မောလိုက်ပေမယ့် ရုတ်တရက် သူ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါက်လာပါတယ်။ ဒါဟာ အကြံကောင်းတစ်ခုမဟုတ်သလို ရယ်စရာကောင်းတယ်လို့တောင် ပြောနိုင်ပေမယ့်... ဒါဟာလည်း ထုံချွေ့ထိုင် နဲ့ သူ့ပရိသတ်တွေ အတွက် သင့်တော်လှတဲ့ တုံ့ပြန်မှုပါပဲ။

ဘာပဲဖြစ်ဖြစ်၊ ကျောက်စိမ်း လိပ်ပြာ က  နောက်ကွယ်မှာ  အနိုင်ရသူကို ထုံချွေ့ထိုင်အဖြစ် ဆုံးဖြတ်ထားပြီးသားလို့ ပြောခဲ့ဖူးပါတယ်။

အဲဒီလိုဖြစ်တာကြောင့်  စမ်းကြည့်ရင်လည်း သူအတွက် ထိခိုက်စရာမရှိပေ။

CV - ငါပြန်လာမယ့်ရက်က်ု လာမမေးနဲ့ : ကောင်းပြီ၊

ထုံချွေ့ထိုင်ရဲ့ Haremထဲ မှ သာ့ချောင် - !!

ထုံချွေ့ထိုင်ရဲ့ Haremထဲ မှ ထဲမှ ရှောင်ချောင်: !! Return Date တကယ်လား??

အသံဒီဇိုင်နာ - တစ်သက်တာသော့- ... ဟူး- နင်က အံ့သြစရာကောင်းလောက်အောင် ယဉ်ကျေးတတ်တယ်မဟုတ်လား။
ဒါ​ပေမယ့်​ ဒီ​နေ့​ ကိစ္စက ဘာစောက်ချိုးလဲ ??

ထုံချွေ့ထိုင်-sama နဲ့ ပရိသတ်တွေအားလုံးကို တတ်နိုင်သမျှ စောစောသွားပြီး တောင်းပန်လိုက်။ နင်သူ့ကို ကော်ပီကူးခဲ့တာကို ဝန်ခံလိုက်ရင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ ╮(╯▽╰)╭

CV - Return Date : ကောင်းပြီ၊

ထုံချွေ့ထိုင်ရဲ့ Haremထဲ မှ ရှောင်ချောင် -စကားနဲ့ ပြောတာက ဒီလောက်ဆို လုံလောက်ပြီ!! ဘယ်တော့တောင်းပန်မှာလဲ?? တိကျတဲ့အချိန်ပေး။~ (︶︿︶)

CV - Return Date- မနက်ဖြန်၊ ငါတို့နှစ်ယောက်လုံး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့်နေ့   ငါ လူတိုင်းနဲ့ စကားပြောရမယ့်အချိန်ရောက်ရင်ပေါ့။

ထုံချွေ့ထိုင်ရဲ့ Haremထဲ မှ သာ့ချောင် - နင့်စကားနင် နောက်ပြန်မလှည့်ကြေး။

exclusive rights to an online voice actor Waar verhalen tot leven komen. Ontdek het nu