ch 70

56 6 7
                                    

အသံထွက်လာတဲ့ သူက ဘယ်သူပဲဖြစ်ပါစေ "Kittyの Papa" တော့မဖြစ်နိုင်ပါဘူး။

ဘာလို့ဆို အဲဒါက အသံက လုံးဝကို မတူလို့ပဲ--

ချီကျင့် ဟာ ​​စိတ်ပျက်အားငယ်နေတဲ့အချိန်အတွင်းမှာ သူအော်မိလိုက်တာကို သိလိုက်တဲ့အခါ သူ့အသက်ရှုရပ်သွားပြီး သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုကတော့ သူ့ပါးစပ်ကို လက်နဲ့အုပ်လိုက်တာပါပဲ။

သူ လန့်သွားကာ ခြေထောက်ကို မြှောက်လိုက်ရာ လှုပ်ရှားမှုက ရုတ်ခြည်းဖြစ်ပြီး စားပွဲခုံနှင့် ဒူးခေါင်း ပြင်းပြင်းထန်ထန် ရိုက်မိသွားလေရဲ့။ ယန်ချွမ်ချူတောင် အံ့အားသင့်သွားရာ သူ ထပ်မံအော်လိုက်သောကြောင့် ထိုအသံသည်လည်း  မိုက်ထဲသို့ပျံ့နှံ့သွားလေပြန်ပြီ။ နာကျင်မှုကြောင့် ချီကျင့် သူရဲ့ ကျိုးကြောင်းဆီလျော်မှုအချို့ကို ချက်ချင်း ပြန်လည်ရရှိလာကာ မိုက်ကို အသံတိတ်ရန် ကီးကို အလျင်အမြန်နှိပ်လိုက်ရပါတယ်။
   
ကံမကောင်းစွာပဲ၊ ပြီးခဲ့သည်များကို ပြန်ပြင်၍မရတော့- ယခု မိုက်ကို အသံပိတ်လိုက်ခြင်းဖြင့်လည်း သူပြောပြီးသားစကားများအတွက် ဖြည့်စွက်၍မရနိုင်တော့ချေ။

နောက်ဆုံးတော့ သူ အသံကို ကြားလိုက်တဲ့  လူတွေထဲမှာ MC တွေတင်မကဘဲ နားထောင်သူ လူပေါင်းတစ်သောင်းနီးပါး‌ ပါ ကြားလိုက်ရပြီးပြီ‌ပင်။

ပရိသတ် 1: ... ဟ အဲဒီလူက ဘယ်သူလဲ?? Kitty ရဲ့ Papa ရဲ့ အသံအစစ်ကို ငါ သိပ်မရင်းနှီးပေမယ့်ဒါသူ မဖြစ်နိုင်ဘူး။ အသံပြန်ရသွားတာဖြစ်နိုင်တယ်! အဲ့သလိုပဲဖြစ်ပါစေ! 【စကားမစပ်၊ တစ်စုံတစ်ခုရိုက်မိသံကြားလိုက်ရတယ်ထင်တယ်... သူငယ်ချင်း၊ အဆင်ပြေရဲ့လား?】

ပရိသတ် 2: Σ(っ°Д°)っ ကြောက်လိုက်တာ၊ ဒီအသံက အရင်က Kitty  Papa အသံနဲ့ သိသိသာသာ ကြီးကွဲပြားနေတယ်… အဲဒါ ဘယ်သူလဲ။ ဘယ်သူလဲ!

ပရိသတ်- ∑(っ°Д°)っဒါနဲ့ စကားမစပ် ပြောရမှာက ဒီအသံက နား‌ထောင်ရတာ တော်တော်လေး သာယာတာပဲ~【အရမ်းကို ရှင်းရှင်းလင်းလင်းနဲ့ပဲ】

ပရိသတ် : ဖြစ်နိုင်တာက...

ပရိသတ် 5: မိသားစုဝင်ဖြစ်နိုင်လား။အား—! အသံသရုပ်ဆောင်ပြိုင်ပွဲတစ်ခုဆိုတာ ငါသိပေမယ့် ငါ့အတွေးတွေ အရိုင်းဆန်သွားအောင်  မထိန်းနိုင်တော့ဘူး!! အမှန်တရားကို လိုချင်လို့ ရှင်းရှင်းလင်းလင်း ဖြေရှင်းလိုက်ပါ !! °.°(((p(≧□≦)q)))°.°

exclusive rights to an online voice actor Where stories live. Discover now