ch 64

46 2 0
                                    

Crossing the noodles bridgeက သူ့ကို သတိမထားမိတော့တဲ့ ဖြစ်နိုင်ချေ အကြောင်းရင်းသုံးချက်ရှိပါတယ်။

1. ထုံချွေ့ထိုင်‌ ကြောင့် Crossing the noodles bridgeက သူ့ကို အနည်းငယ်သာ စိတ်ဝင်စားခဲ့ပါတယ်။ အဲဒါနဲ့ပဲ သူနဲ့ ခဏလောက် ကစားပြီးတာနဲ့ ငြီးငွေ့လာပြီး Crossing the noodles bridgeက သူ့ကို ဂရုမစိုက်တော့တာ။

2. Crossing the noodles bridgeက အစကတည်းသူ့ကို သိပ်စိတ်မဝင်စားဘဲ သူ့လို ဘာမဟုတ်တဲ့ လူနဲ့ cp လုပ်ရတာ အကျိုးကျေးဇူးမရှိဘူးဆိုတာကို သူသဘောပေါက်တာ။

3. Crossing the noodles bridgeက သူ့ကို လုံးဝစိတ်မဝင်စားဘူး။

ဟုတ်ပါတယ်၊ ချီကျင့် အတွက် အကောင်းဆုံးရွေးချယ်မှုကတော့ option 3 ပဲဖြစ်လိမ့်မယ်၊ ဒါပေမယ့် လက်တွေ့မှာဆိုရင်တော့ 1 သို့မဟုတ် 2 ပဲဖြစ်သင့်တယ်ဆိုတာ သူသိပါတယ်။ အမှန်အတိုင်းပြောရရင် 2D ကမ္ဘာကြီးမှာ ဖြစ်ပျက်နေသမျှအရာအားလုံးဟာ  အချိန်တန်ရင်ပျောက်ကွယ်သွားမှာဖြစ်လို့ပါပဲ။ လေထဲမှာ တိုက်အိမ်ဆောက်သလိုမျိုးပေါ့ ။
   

Crossing the noodles bridgeကမှ သူ့အား tagတွဲ ထားတဲ့စာများကို မတွေ့ရတော့သဖြင့် ရင်ဘတ်ပေါ်အား သက်တောင့်သက်သာ ပုတ်ချကာ ဖိုရမ်သို့ ကူးပြောင်းလိုက်ရင်း ပြိုင်ပွဲနှင့်ပတ်သက်သည့် လူတိုင်း၏ မှတ်ချက်များကို ဂရုတစိုက်ဖတ်နေလိုက်တယ်။

ပြီးဆုံးသွားတဲ့ ပွဲတွေအကြောင်း သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြထားတဲ့အပြင် အင်တာနက်သုံးစွဲသူတွေကလည်း သူတို့ရဲ့ အနာဂတ်ပွဲတွေအတွက် ခန့်မှန်းချက်တွေကို ထက်ထက်သန်သန်နဲ့ ဆွေးနွေးခဲ့နေကြလျက်။
   
ယင်းအတွက် အဓိကအကြောင်းရင်းမှာ 'Order to End the Heavens' အသံသရုပ်ဆောင်ပြိုင်ပွဲရဲ့ အစီအစဥ်တိုင်းတွင် CV အများအပြားမှာ ကျော်ကြားမှုရရှိစေရန် ရိုက်ကူးထားသောကြောင့်ပင်။
   
မအောင်မြင်တဲ့သူတွေအတွက်တောင် သူတို့ရဲ့ကျော်ကြားမှုက အရင်ကထက် အများကြီးပိုကြီးလာဖို့ ရည်မှန်းထားလေ့ရှိတယ်။
   
   
အထူးသဖြင့် ရည်မှန်းချက်ကြီးပြီး လူကြိုက်များလာခြင်းကာ တစ်စုံတစ်ဦးရဲ့ အနာဂတ်အလားအလာကို အဆုံးအဖြတ်ပေးသော အရာက လက်ရှိအွန်လိုင်းအသံသရုပ်ဆောင် အသိုင်းအဝိုင်းတွင်လည်း အထူးအရေးကြီးလှဆယ်။

exclusive rights to an online voice actor Where stories live. Discover now