ch 67

61 5 1
                                    

—ဟုတ်ပါတယ် အဲ့IDကို ကြားဖူးတဲ့အပြင် အဲ့ဒီ ID ကို နာမည်ပေးခဲ့တာလည်း ငါပါပဲ။

— ပြီးတော့ အဲဒီ ID နောက်ကွယ်ကလူကလည်း ငါ့ ရဲ့ IRL ချစ်သူ ကောင်လေးပဲ။

- မှန်တယ် ချစ်သူကောင်လေး။ ပြီးတော့ မင်းကိုလည်း  သူနဲ့ ပတ်သက်ဖို့ ချီး_ကို_မှ_ခွင့်_မ_ပြု_နိုင်_ဘူး!
   
   
    
   

ချီကျင့် ဒီအချက်အလက်ကိုကျယ်ကျယ်လောင်လောင်နဲ့သာ အော်ဟစ်လိုက်ရင် ကျောက်စိမ်း လိပ်ပြာရဲ့မျက်နှာက ဘယ်လိုရှုံတွသွားမလဲဆိုတာ သိချင်မိတယ်။
   
    
ဒါပေမယ့် နောက်ဆုံးမှာတော့ သူဘာမှ မပြောခဲ့ပါဘူး။

ရှန်ယန့် အတွက်ကြောင့် သူဘာမှ မပြောနိုင်သေးဘူး၊
   
သူ၏လက်သီးများကိုသာ ဆုပ်ထားပြီး အေးခဲနေသောရေနက်နက်ထဲမှာ နစ်မြုပ်နေသကဲ့သို့ သူရဲ့ရင်ဘတ်ထဲက အသက်ရှူကျပ်နေတဲ့ခံစားချက်ကို တစ်ယောက်တည်း တိတ်တဆိတ် ဆက်၍သာ သည်းခံ ခဲ့ပါတယ်။
   
သူတို့စကားဆုံးတဲ့အထိ သူ အသံချတ်ပြတင်းပေါက် ကို အေးစက်စွာ စိုက်ကြည့်နေမိတယ်။ သူရဲ့ နှုတ်ဆက်စကားများကိုပင် ခေတ္တထိန်းသိမ်းထားသောကြောင့် သူလူကြီး လူကောင်းပီသနေဆဲ။
   
   
ဒါပေမယ့် အသံချတ်ပြတင်းပေါက်က ပျောက်ကွယ်သွားတဲ့အခါမှာ သူ့မျက်နှာစာကလည်း အိုမင်း နေခဲ့ပြီ။ ဝရုန်းသုန်းကားဖြစ်နေတဲ့ သူ့စိတ်နှလုံးဟာ အင်တာနက်ကို သွားရှာကြည့်ဖို့တောင် အားမရှိတော့ဘဲ ကွန်ပျူတာကို sleep မုဒ်မှာ တိုက်ရိုက်ထည့်ထားလိုက်တယ်။
   
ဖန်သားပြင်ပိတ်လိုက်တာနှင့် ၎င်း၏အနက်ရောင်မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေတဲ့ အေးစက်သောမျက်နှာအထက် သူရဲ့ ယဉ်ကျေးသိမ်မွေ့သော ပုံစံမှာ အနည်းငယ်မျှ မကျန်တော့ပေ။

ဒါက တကယ့်ကို… စိတ်ရှုပ်စရာပဲ။

ဖိုရမ်တွင် သူ့ရဲ့ anti-fan တွေရဲ့ အပုပ်ချခြင်းကို ခံရသည့်တိုင် ဤအနှောက်အယှက်ကို မခံစားရခဲ့ပေ။

သူ့အတွက်၊ အသံသရုပ်ဆောင်မှုမှာ လုံခြုံသော၊ သန့်ရှင်းသော နေရာတစ်ခုနှင့် အမြဲဆင်တူခဲ့ရာ—သို့သော် ယခု သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်၊  ဤဝါသနာကို မနှစ်သက်သလို ခံစားလိုက်ရပြီး ရှန်ယန့် ကိုပါ ဆွဲသွင်းခံလိုက်သည့်အတွက် သူ့ကိုယ်သူပါ ဒေါသထွက်လာလျက်။ ဤ ဒေါသအဆင့်မှာ  ပြင်းထန်သော ရေစီးကြောင်းများနှင့် ပြည့်နေခဲ့ပြီ။

exclusive rights to an online voice actor Where stories live. Discover now