ch 97

68 13 2
                                    

ဒိုင်လူကြီးက နှစ်ယောက်ပဲလား။

ပွဲစီစဉ်သူတွေရဲ့ ညွှန်ကြားချက်အတိုင်း?

သူ့စိတ်ထဲတွင် ပေါက်ဖွားလာသော ပထမစကားလုံးမှာ "အတွင်းလူ" ဖြစ်ပြီး၊ ထို့နောက် လိုက်လာသော ဒုတိယစကားလုံးမှာ "ကျောက်စိမ်းလိပ်ပြာ" ပင်—၎င်းကို သူမည်သို့ပင်ကြည့်နေပါစေ၊ ၎င်းက ထူးဆန်းနေဆဲ။


ချီကျင့် ယန်ချွမ်ချူ အဓိကအကြောင်းရာကို ဆက်ပြောမယ့်အချိန်ကို  စောင့်ဆိုင်းနေခဲ့တယ်။

ယန်ချွမ်ချူ ရဲ့အသံက နွေရာသီနေရောင်ခြည်ကဲ့သို့ အမြဲ တောက်ပနေခဲ့ရာကနေ ယခုမူ တခဏချင်း အေးခဲလှသောဂူရဲ့ အနက်ထဲသို့ ထိုးကျသွားသလို အေးစက်နေပုံကယုံရခက်လှတယ်။

" အရေးကြီးတဲ့ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်တဲ့ ဆရာ လုံပေါ် ဟာ ဒီနေ့မှာ မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ပျက်ကွက်ခဲ့ပါတယ်၊

ဒါကြောင့် ဒီည audition နှစ်ခုအတွက် တုံ့ပြန်မှတ်ချက်ပေးဖို့အတွက် သူတာဝန်ယူမှာမဟုတ်ဘူးလို့ ကြေညာလိုက်ရပါတယ်... ကျေးဇူးပြုပြီး  ဒီဖြစ်ရပ်အတွက်တောင်းပန် ပန်ကြားအပ်ပါတယ်။"

မျှော်လင့်ထားသည့်အတိုင်း-

ချီကျင့်ရဲ့နှလုံးက ချက်ချင်းပင် နစ်မြုပ်သွားလေပြီ။

ရေအောက်ထဲမှာ အချိန်အကြာနစ်မြုပ်နေခဲ့ရာမှ ကမ်းပေါ်သို့ ပြန်တက်လာခဲ့သောလူတစ်ယောက်ကဲ့သို့ အသက်ရှူသံများမှာ တဟောဟော လိုက်နေသဖြင့် သူ့ရဲ့ အဆုတ်များတောင်နာကျင်လာသယောင်။

ကူကယ်ရာမဲ့စွာဖြင့် တင်းတင်းကျပ်ကျပ် ဆုတ်ထားခဲ့သောလက်သီးအား စားပွဲခုံအထက် ဒေါသတကြီးဖြင့် ထိုးမိလိုက်လေတယ်။

နောက်ကွယ်မှာ လှိုင်းမထန်လာဖို့က မဖြစ်နိုင်ဘူးဆိုတာ သူသိပေမယ့် လှိုင်းတွေက ဒီလောက် မြန်မြန်ဆန်ဆန်ရောက်လာမယ်လို့ မမျှော်လင့်ထားသဖြင့် သူ လုံးလုံးလျားလျားမပြင်ဆင်ထားရသေး။

ပြိုင်ပွဲရဲ့အစကတည်းက လုံပေါ်ဟာ လမ်းပြအကဲဖြတ်ရာတွင် "တရားမျှတ" စွာဖြင့်သာ အမြဲလုပ်ဆောင်ခဲ့ပြီး  ပြိုင်ပွဲဝင်များအပေါ်တွေလည်း အားတက်သရောအရှိဆုံး အပြုအမူနှင့်သာ အမြဲဆက်ဆံလေ့ရှိသဖြင့်  သဘောအကောင်းဆအရှိဆုံးနှင့် အကြင်နာဆုံး အကဲဖြတ်သူဟု ဆိုနိုင်ပေတယ်—မတရားမှုကို အကြိမ်ကြိမ် ခံစားခဲ့ရသော သူ့အတွက်မူ ထိုသူမှာ  အကာအကွယ်ပေးတတ်တဲ့ တရားမျှသသော လူမျိုးနှင့် တူညီတယ်ပင်။

exclusive rights to an online voice actor Onde histórias criam vida. Descubra agora