ch 74

73 6 1
                                    

ခဏလောက်ကြာတော့ ချီကျင့်  မိုးရွာနေပြီလို့ထင်လိုက်တယ် ။

ပြတင်းပေါက်အပြင်ဘက်မှ အေးစက်နေသော ရေ ငွေ့များဆီသို့ သူ့အကြည့်များ  ဆွဲခေါ်သွားသော်လည်း မိုးရွာထားတဲ့ သဲလွန်စမရှိဘဲ  ရေငွေ့ အလွှာများကိုသာ မြင်လိုက်ရလေတယ်။

သူအပြင်ဘက်သို့ ငေးကြည့်နေမိလေရဲ့။
   
ထို့နောပ် ဆရာဝန်ရဲ့ဓာတ်မှန်ရိုက်ဖို့စကား ကြောင့် သူ့အာရုံကို ပြန်ပြောင်းသွားစေလေတယ်။
  
   
  "မင်း တော်တော်ပြန်ကောင်းနေပြီ Mr ချီ; မင်းလို ulna နဲ့ radius မှာ ကျိုးသွားတဲ့လူနာတွေအကြားမှာ သက်သာတာအတော်လေးမြန်တယ်လို့တောင် ပြောလို့နိုင်တယ်။"

ဆရာဝန်ကဓာတ်မှန်ရိုက်ထားတဲ့နေရာ အရိုးကျိုးတဲ့လိုင်းကို ဖျတ်ခနဲ  ညွှန်ပြလာလျက်။
   
ကနဦးမှ သွေးမတည်ငြိမ်မှုမှာ ပျောက်ကွယ်သွားခဲ့ပြီး အရိုးကျိုးသည့်မျဉ်းမှာလည်း မသိသာတော့ပြီဖြစ်ပြီး၊ ဆရာဝန်က ၎င်းအား ချီကျင့် မြင်နိုင်ရန် အကြမ်းဖျဉ်း ထောက်ပြ လာမှသာ  မြင်လို့ရနိုင်ခဲ့တယ်။ ကျိုးသွားတဲ့နေရာမှာ အရိုးများနှင့် လုံးလုံးလျားလျား ချိတ်ဆက်ထားသော အရိုးတစ်သျှူးအသစ်များ ရှိနေသောကြောင့်  ပြန်လည်ကောင်းမွန်နေတဲ့ အမှတ်အသားသို့ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ပင်။

“မင့်ရဲ့ ပြန်လည်ကောင်းမွန်လာမှုနှုန်းအရဆို၊ နောက်အပတ်လောက်မှာ ကျောက်ပတ်တီးကို ဖယ်လို့ရနိုင်ပြီ။ မင်းရဲ့လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေကိုတော့ ဖြည်းဖြည်းချင်း ပြန်လည်ထူထောင်နိုင်ပါတယ်။ လက်မောင်းအပေါ်ပိုင်းမှာတော့  လှုပ်ရှားမှု သေးသေးလေးတွေကတော့ ပြဿနာမဟုတ်ပေမယ့် အပြင်းအထန် လေ့ကျင့်ခန်းကိုမျိုး ရှောင်ကြဉ်ပြီး အလွန်အကျွံ မလှုပ်ရှားဖို့ လိုအပ်ပါတယ်”

နောက်အပတ်....

ချီကျင့် ရဲ့ မျက်လုံးများက တောက်ပလာကာမျက်လုံးထဲမှ ဖြတ်၍ ပျော်ရွှင်မှုမှာ လင်းလက်နေနေလျက်။
   
  “တကယ်လား? အံ့သြစရာပဲ… နောက်ဆုံးတော့ လှုပ်ရှားလို့ရ ပြီပေါ့ ၊ တကယ်တော့ ကျွန်တော့် မိသားစုဝင်ကိုပဲ အမြဲမှီခို နေရတာမို့ ကျွန်တော် စိတ်မကောင်းဖြစ်နေခဲ့တာ။"

exclusive rights to an online voice actor Where stories live. Discover now