ch 68

64 5 0
                                    

"Five" ရဲ့အသွင်အပြင်ထက် ချီကျင့် ကို ပို၍ အံ့သြစေသည်မှာ ရှန်ယန့် က မက်ဆေ့ချ်ဖြင့် ပြန်ပို့လာမယ့်အစားသူ့ကို တိုက်ရိုက်ခေါ်ဆိုလာခဲ့ခြင်းပင်။
   
"Five" သူကိုဘယ်မှာတွေ့တာလဲ" ရှန်ယန့် အသံက သေးငယ်နေကာ သူ့အံ့သြမှု အတိုင်းအတာနှင့် ဆန့်ကျင်ဘက်။

ယင်းမေးခွန်းမှာ ရှင်းရှင်းလင်းလင်းရှိသော်လည်း ချီကျင့်ရဲ့ အမေးအတွက် အဖြေအဖြစ် မှတ်ယူနိုင်သေးပါတယ်။

သူတို့တစ်ယောက်နဲ့တစ်ယောက် သိနေတယ်ဆိုတာ အထင်ရှား-

"ဒါဆို အဲဒီလူက ဘယ်သူလဲဆိုတာ မင်းတကယ်သိ နေတာလား။"
   
ချီကျင့် ရဲ့ စူးစမ်းလိုစိတ်က သူ့စိုးရိမ်မှုကို လွှမ်းမိုးသွားလေပြီ—အမှန်တိုင်း ပြော ရလျှင် ရှန်ယန့် မှာ သူ့အားလပ်ချိန်ပြင်ပတွင် ဖုန်းခေါ်ခြင်းက အဆန်းမဟုတ်သော်လည်း ယခုမူ အလုပ်ချိန် မှာပြိးပုံမပေါ်သေး။

Weibo တွင် “Five” ထံမှ မက်ဆေ့ချ်နှင့် ၎င်းတို့ရဲ့ စကားဝိုင်းအကြောင်းအရာကို လက်ခံရရှိကြောင်း ရှန်ယန့် အား ပြောကြားခဲ့ပါတယ်။ ချီကျင့် ပြောပြီသည်နှင့် တစ်ဖက်မှစကားတစ်ခွန်းမှ ပြောမလာဘဲ ရှန်ယ့န်က တိတ်ဆိတ်စွာ နားထောင်နေခဲ့ပါရဲ့။ ရှန်ယန့် က တစ်ခုခုပြောချင်လာတဲ့ ဟန်အကြိမ်အနည်းငယ်ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမပြောခဲ့သလို  သက်ပြင်းသာချနိုင်ခဲ့တယ်။

“အဲလို အကြံပေးတဲ့အတွက်၊ သူပြောတဲ့အတိုင်း လုပ်လိုက်ကြရအောင်… သူ့မှာ မကောင်းတဲ့အကြံစည်မရှိ လောက်ဘူး”

ဒါက ရှန်ယန့် ရဲ့ ကောက်ချက်ပါပဲ။

ကောက်ချက်ချပြီးနောက်မှာတောင် ချီကျင့်တစ်ယောက်သူ့ရဲ့ စူးစမ်းလိုစိတ် တိုးလာခြင်းက သူ့  အတွက် အလွန်ပင်ရှားပါးသောအရာတစ်ခုဖြစ်ပါတယ်။

အဲဒါကြောင့် အဓိကအချက်ကို တန်းမေးကာ “ဒါဆို ဒီ 'five' က ဘယ်သူလဲ၊

ရှန်ယန့် က နူးညံ့စွာ တခစ်ခစ်ရယ်ရင်း "အရင်တုန်းက အသံ သရုပ်ဆောင်တာကနေ သိခဲ့ရတာ... အဲ့ဒီတုန်းက သူ့ရဲ့ နာမည်ပြောင်က အတိအကျ "five" ပဲ။ အဲ့အချိန်က အမည်ပြောင်ကို ကိုယ်တို့ထဲက လူအနည်းစု ပဲ သိတာမို့ သူ အဲ့ ID နဲ့ ရည်ရွယ်ချက်ရှိရှိ ပေါ်လာတာ ဖြစ်လောက်မယ်။ သူ့အထောက်အထားကို ဖုံးကွယ်ဖို့ ကြံစည်ထားချင်လို့ လုပ်မယ် လို့တော့  ကိုယ်မထင်ပါဘူး။”

exclusive rights to an online voice actor Where stories live. Discover now