ch 82

59 13 2
                                    

ချီကျက့်သူ့ကိုယ်သူ အားပေးလိုက်ပြီးနောက်   မောက်စ်ကို လွှတ်လိုက်ပြီး သူ့ညာဖက်လက်ကို ဖြည်းညှင်းစွာ လှည့်လိုက်လေတယ်။

ခေါင်းငုံ့ကြည့်လိုက်တော့ သူ့လက်ဖဝါးအထက် ချွေးအလွှာတွေ ဖုံးလွှမ်းနေလျက်သား

သူ့လက်ချောင်းတွေ တုန်ခါနေတာကို မရပ်နိုင်ဆဲ..

“ဟူး…” ခဏအကြာတွင် သူသည် ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး အားအင်များ လုံးလုံးလျားလျား ကုန်ဆုံးသွားသကဲ့သို့ စားပွဲပေါ်ကို ဖြန့်ချကာ “ပြီးပြီ…” ဟု ရေရွတ်လိုက်ပြန်ရဲ့။

ဘယ်လိုပဲကြည့်ကြည့်၊ နောက်ဆုံးမှာတော့ ဂဏန်းငါးလုံးပါတဲ့ ပရိသတ်ရှေ့မှာ သူ့အသံသရုပ်ဆောင်တာပထမဆုံး ပဲရှိသေးတာမို့ သူစိတ်မပူဖို့ မဖြစ်နိုင်ပါဘူး။

အခုနက သူ ဇာတ်ရုပ်ထဲဝင်သွားပြီး ဇာတ်ဝင်ခန်းမှာ နှစ်မြှုပ်သွားကာ သရုပ်ဆောင်ဖို့သာ လုံးလုံးလျားလျား အာရုံစိုက်ထားတာမို့ စိတ်ဖိစီးမှု ဒါမှမဟုတ် ကြောက်ရွံ့မှုတွေအတွက် နေရာမရှိခဲ့တာ သက်သက်ပါပဲ။ သို့သော် သူ လက်တွေ့ဘဝသို့ ပြန်ရောက်သည်နှင့် ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုသည် ချက်ချင်းပေါ်လာခဲ့ပြန်ပြီ။

၎င်းမှာ ဂန္ထဝင် "ချီကျင့်ရဲ့ တုံ့ပြန်မှု" ပင်။

တီဗီရိုက်ကူးနေစဉ်အတွင်းမှာလည်း သူ အတူတူပင်ဖြစ်ကာ—ကင်မရာစရိုက်တဲ့အချိန်တိုင်း၊ သူသက်ဝင်လှုပ်ရှားရှိပြီး ယုံကြည်မှုအပြည့်ရှိမည်သာ။
ပရိုဂရမ်ဒါရိုက်တာများကလည်း သူ့အား ကင်မရာနှင့် လိုက်လျောညီထွေစွာ နေတတ်တဲ့အတွက် ချီးကျူးလေ့ရှိပါရဲ့။

ဒါပေမယ့် ရိုက်ကူးမှုပြီးဆုံးချိန်မှာတော့ စိုးရိမ်စိတ်တွေအပြည့်နဲ့ ကင်မရာမန်းရဲ့အနားကို ဦးစွာအပြေးအလွှားသွားကာ သူ့ကိုယ်သူ မှတ်တမ်းတင်ထားတာကို ပြန်ကြည့်ရင်း၊ သူ့အမူအရာက သဘာဝမကျဘဲ စကားထစ်ခြင်ရှိးမရှိ၊ ရိုက်ချက်နှင့်ပတ်သက်ပြီး ပြဿနာလုံးဝရှိမရှိ တွေ့ရာလူကိုမေးတတ်လေတယ်။


အမှန်တကယ်တွင် ပြဿနာက လုံးဝ ရှိမည်မဟုတ်သော်လည်း သူ တစ်ခုခုမှားယွင်းသွားသည်ဟု အမြဲခံစားရမည်ဖြစ်ပြီး သူရဲ့လုပ်ဖော် ကိုင်ဖက်များက သူ့အား ဇီဇာကြောင်ပြီး  အသေးမွှား လေးတွေကအစ လ်ိုက် ဂရုစိုက်တတ်သည်ဟု ပြောလေ့ရှိက သတင်းချန်နယ်ဒါရိုက်တာသည်လည်း ၎င်းကို ဟာသအဖြစ် သတင်း ဌာနထဲမှ လူသစ်လေးတွေကို ပြောပြလေ့ရှိတယ်။

exclusive rights to an online voice actor Where stories live. Discover now