ch 60

53 10 1
                                    

ထိုလူက ပျော်လာပုံမပေါ်ဘဲ သူ့ အမူအရာမှာ ချဉ်စုတ်သွားလေရဲ့။
   
"ချီကျင့် မင်း ဆင်ခြေတွေပြောနေတာလား?"

ထိုအချိန်တွင်၊ ချီကျင့်က သူ့ကို မော့ကြည့်လိုက်ကာ ထို လူရဲ့ ပြိုင်ဆိုင်တတ်တဲ့သဘောကို အပြင်းအထန် ထိုးနှက်လိုက်သလိုမျိုး သူ့မျက်လုံးထဲတွင် လှောင်ပြောင်ခြင်း အပြည့်နှင့်။
ထို့နောက် ရုတ်တရက် သူ့နှုတ်ခမ်းထောင့်များက ပြုံးကာ ကွေးကောက်လာရင်း
   "ဟိုဟိုဒီဒီ လျှောက်ပြေးရအောင်လည်း ငါ့မှာ ဖုန်းလည်း ကိုင်ထားမနေဘူး--  နံရံမှာ အပေါက်ဖောက်ပြီး ငါထွက်ပြေးမှာကို ကြောက်နေတာ များလား ?
မင်းငါ့ကို အရမ်းအထင်ကြီးလွန်းနေတာလား ဒါမှမဟုတ် မင်းကိုယ့်ကိုကိုယ်ပဲ ယုံကြည်မှုအားနည်းနေတာလား"

အရေးကြီးဆုံးမှာ နောက်ဆုံးစာကြောင်းပင်။

ခက်ထန်ကြမ်းတမ်းခြင်းကို ရင်ဆိုင်ရသောအခါတွင် လူတွေရဲ့သဘောသဘာဝအရ ပြန်ခက်ထန်ကြမ်းတမ်းမှုကိုပြလာသော်လည်း  နောက်ဆုံးတော့ နာခံလာရမြဲ။
   
ချီကျင့် ကသူ့ရဲ့ ယခင်က သဘောထားမျိုး မရှိတော့ပုံရလေကာ ဒါ့ကြောင့် ထိုလူက သူတို့နှစ်ဦးစလုံးအတွက် အန္တရာယ်ဖြစ်စေမယ့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ် တော့ပေ။

ချီကျင့်နှင့် မတော်တဆ တွေ့လိုက်ရတာက အံ့အားသင့်စရာဖြစ်ပြီး သူ့အပေါ် ယခင်က ပြသလာတဲ့  မထီမဲ့မြင်ပြုမှုကို ကြားလိုက်ရတဲ့အခါ ပို၍ပင် အံ့အားသင့်သွားလေရဲ့—ထိုအံ့အားသင့်စရာများမှာ ထိုလူ အနိုင်ယူလိုစိတ်ကို လှုံ့ဆော်ပေးနိုင်လောက်အောင်ပင်။

"အင်း ဒါဆို သွားတော့။"

စိုးရိမ်စရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့မှာ အချိန်တွေ အများကြီးရှိတယ်မဟုတ်ပါလား။ ဒါ့အပြင် တစ်ဖက်သားကို အဝေးသို့ တွန်းပို့ခြင်းက သူ့အား ကောင်းကျိုးတစ်စုံတစ်ရာ မပေးနိုင်ပေ။

   
"မင်းပြောင်းလဲသွားတာကို ငါ ပိုအံ့သြမိပါရဲ့... ယောက်ျားတွေရဲ့ ခန္ဓာကိုယ်ကို မင်း အသားကျသွားပြီလား။"
   
ထိုအချိန်တွင်  ချီကျင့် တစ်ဖန် ရယ်မောခဲ့ပြီး သူ၏အမူအရာမှအအေးဓာတ်နှင့် နွေးထွေးမှုတို့အား ခွဲခြား၍မရပေ။

exclusive rights to an online voice actor Where stories live. Discover now