ch 98

91 12 6
                                    

ထုံချွေ့ထိုင်က ချီကျင့် နှင့် ကွဲပြားပေတယ်။

သူက ချီကျင့် ကို စစ်မကြေငြာဘဲ PR တစ်ချို့နဲ့  သူ့ရဲ့ စွမ်းဆောင်ရည်ကို  ခိုးယူတယ်လို့ ကြိုပြောနေရုံပါပဲ။

စစ်မကြေငြာရုံတင်မကဘဲ အပေါ်ယံမျှသာဖြစ်သည့် "ငြိမ်းချမ်းရေးကသာ အရေးကြီးဆုံး" ဟူသော မြင့်မြတ်သောသဘောထားလည်း ရှိပါသေးရဲ့။

မိတ်ကပ်ထူထူမလိမ်းဘဲ အပြင်မထွက်နိုင်တဲ့ အမျိုးသမီးတစ်ယောက်လိုပါပဲ၊ သူ စင်မြင့်ပေါ်၌ ပေါ်လာတိုင်း စကားလုံးလှလှလေးများမ‌ ပြောရရင် စိတ် သက်သာရာရမည်မဟုတ်ပေ။


"မနေ့က နားလည်မှုလွဲပြီးနောက် နည်းနည်းတော့ နာကျင်ခဲ့ရပေမယ့်လည်း အကဲဖြတ်ဒိုင်တွေကို လေးစားတဲ့အတွက် ပြိုင်ပွဲကို မစွန့်လွှတ်နိုင်သေးပါဘူး။"

လုံပေါ်က ဒိမှာ မရှိသဖြင့်  ပို့စ်ထဲကအတိုင်း အဆင်ပြေသွားသောကြောင့် ထုံချွေ့ထိုင် လူများကို  လူတိုင်းအား လိမ်ညာလှည့်ဖြားနိုင်ပြီး၊ ယခင်ရက်က အရှုပ်အထွေးကြီးမှာ အထင်အမြင်လွဲမှားမှုကြီးတစ်ခုဖြစ်ကြောင်း သက်သေပြလိုက်သလိုပင်။

“ ကျွန်တော့် အမြင်အရတော့ အသံသရုပ်ဆောင်ဆိုတာက အများကြီး စေတနာထားဖို့ လိုအပ်ပြီး လေးစားဖို့လည်းထိုက်တန်တာမို့၊ တခြားသူတွေရဲ့ကြိုးစားမှုရလဒ်တွေကို ပေါ့ပေါ့တန်တန်နဲ့ ဆဲဆိုဖို့ စျေးပေါတဲ့နည်းလမ်းတွေကို ဘယ်သူကိုမှ မသုံးစေချင်ဘူး။”

ထုံချွေ့ထိုင် အသံက သဘာဝအားဖြင့် သာလွန်ကောင်းမွန် လှကာ ၎င်းရဲ့ လေသံ ဒါမှမဟုတ်   စကား ပြောဟန် ဖြင့် ဖြစ်ပါစေ  လူတွေရဲ့ နားအား ဆွဲဆောင်နိုင်စေလောက်တဲ့အထိ  ညို့အားကအပြည့်ရှိတယ်ပင်။

ထိုစကားကို ချောမောစွာပြောနေစဉ်တွင် သူရဲ့ပရိသတ်တွေရဲ့ နှလုံးသားတွေကတော့ လေထဲတွင်  လွင့်ပျံနေသော အလံများကဲ့သို့ တဖျပ်ဖျပ်ခုန်နေခဲ့ပြီ။

အ‌ကျိုးအကြောင်း ဆိုတဲ့အရာကိုမူ မည်သူမျှ ဂရုမစိုက်ကြဘဲ၊ ခြွင်းချက်မရှိ သူတို့ရဲ့ အမျိုးသားနတ်ဘုရားအပေါ် သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ကြေငြာခြင်းဖြင့် ချတ်အား  နစ်မြှုပ်စေခဲ့လျက်။

exclusive rights to an online voice actor Where stories live. Discover now