ch 99

76 11 3
                                    

သတိ ပြန်ဝင်သွားသော ပထမဆုံး နားထောင်သူမှာ


“အခု သူက… အတုယူ ပြီး ပြောနေတာမလား”
ဟု အားနည်းစွာ မေး လိုက်တယ်။

အတုယူ တယ်လို့ ပြောမည့်အစား၊ လုံး၀ ကူးယူထားတယ် ဟု ဆိုနိုင်ပေတယ်—၎င်းက အတွင်းရော အပြင်ပါ လုံး၀ အတူတူပဲ ဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ရဲ့ စိတ်ထဲမှာ "ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲ" ဟူသော အတွေး ထွက်ပေါ်လာရန်က မဖြစ်နိုင်ပေ။

ဤကဲ့သို့ ပြောင်ပြောင်တင်းတင်း ကူးယူခြင်းမျိုးမှာ အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့ပြီး ထုံချွေ့ထိုင် ပရိသတ်များ ရူးသွပ်လုမတတ် ဖြစ်ခဲ့လျက်။

ပရိသတ် 1- ဒါက ပေါ်တင်ကြီး။ ! ဒီလူက ခိုးနေတာ။ ! ဒါကိုတောင် အခြေအမြစ်မရှိဘူးလို့ ပြော နေကြတာလား။ !

ပရိသတ် 2- Return Date အရမ်းရှက်စရာကောင်းတာပဲ။ သူက ထုံချွေ့ထိုင် ရဲ့  စွမ်းဆောင်ရည်ကို ခိုးယူရုံသာမကဘူး၊ သူ့ကိုယ်ပိုင် အဖွင့်အမှာစကားတွေတောင် တစ်ချက်မှ မတွေးဘဲ ကူးချနေပြီ ။

(╯‵口′)╯︵┴─┴


ပရိသတ် 3- FUCKING-!!
Return Dateက တကယ် ကောက်ကျစ်တယ်- တခြားနားထောင်သူတွေကလည်း နားရှိလို့ သဘောပေါက်မှာလို့ ငါတကယ်ထင်ခဲ့တာ။

သို့သော် တစ်ချိန်တည်းတွင် ထုံချွေ့ထိုင် ပရိသတ်မဟုတ်သော နားဆင်သူများကတော့ ရယ်မောနေကြလျက်သား။

ထိုလူအများစုက ဂိမ်းစီးရီးရဲ့ တကယ့်ပရိသတ်များ သို့မဟုတ် ပြိုင်ပွဲရဲ့ auditions အားလုံးကို လိုက်ကြည့်သော ဝတ္ထုပရိသတ်များဖြစ်သောကြောင့် ထုံချွေ့ထိုင် နှင့်  return date တို့ကို မသိရှိခဲ့ကြပေ။ သူတို့အားလုံးက အွန်လိုင်းအသံသရုပ်ဆောင်အဝိုင်းနှင့် လုံးဝရင်းနှီးခြင်းမရှိသောကြောင့် အပြင်လူများအနေဖြင့် ကျန်သူများထက် အခြေအနေကို ပိုမိုရှင်းလင်းစွာမြင်နိုင်လေရဲ့။


ပရိသတ် 4- ဟားဟားဟား၊ အပေါ်က comment ထဲက ပရိသတ်တွေရ့ IQ က တကယ်ပဲ နိမ့်နေတာလား??
ဒီလို စကားလုံးတောင် မပြောင်းပဲ ပြောနေတာကြီးက  ခိုးတယ် ဆိုပြီးတော့လေ။

exclusive rights to an online voice actor Donde viven las historias. Descúbrelo ahora