ch 54

80 11 2
                                    

အကဲဖြတ်ဒိုင် သုံးဦးစီမှ ပေးသော ရမှတ်များတွင် သိသိသာသာ ကွဲလွဲနေသော်လည်း Went off with a bangက ယခုအချိန်အထိ ပြိုင်ပွဲဝင်များအထဲတွင် ရမှတ်အများဆုံး ရရှိနေဆဲ— အကယ်၍ ၎င်းသာ ပုယွီကျစ်ဆီ ထိတ်လန့်တုန်လှုပ်ဖွယ် ရမှတ် အနိမ့်ဆုံးဖြစ်တဲ့ကိုသာ  1.0 မရခဲ့ပါက၊  သူ့ရလဒ်တွေက အဲဒီထက်တောင် ပိုကောင်းနေလောက်ပါတယ်။

ချီကျင့် ပိုဂရုစိုက်တာကတော့ လုံပေါ်  က သူ့ကို "ဆွဲဆောင်မှု" အမျိုးအစားမှာ ပေးခဲ့တဲ့ ရမှတ် 2.5 မှတ်ပါပဲ ။

 ယခင်အချီတွင်၊ လုံပေါ်ရဲ့မှတ်ချက်က  သူရဲ့ကျွမ်းကျင်ပိုင်နိုင်မှုနှင့် စေ့စပ်သေချာမှုတို့ကို ချီကျင့် ထိုးထွင်းသိမြင်နိုင်လိုက်ခဲ့ပြီး ၎င်းရဲ့ အမှတ်ပေးနည်းက သူ့ကိုယုံကြည်စိတ်ချရတယ်ဟု ထင်မြင်စေခဲ့ပါတယ်။

  ယခု သူပေးသော ရမှတ်အနိမ့်ကိုကြည့်လျှင် အန်ကယ် ဘန်နဲ့ ပတ်သက်ပြီးပုယွီကျစ် နှင့် အလားတူထင်မြင်ယူဆထားတာကတော့ အနည်းနှင့်အများ သိသာထင်ရှားလှပါတယ်--

       

       

ပရိသတ် 1- ငါလက်မ မခံနိုင်ဘူး၊ ဆဲမိတော့မယ်။ ဒုတိယဒိုင်က ဘာဖြစ်နေတာလဲ!! (︶︿︶)=凸

ပရိသတ် 2- ဒီငတုံး ပါမောက္ခ၊ နင့်ရဲ့ ပညာရပ်ဆိုင်ရာ အမြင်တွေကို ဒီနေရာမှာ လွန်လွန်ကဲကဲ ရေးမပြလို့ရမလား။ ဒီနေရာက နင့်တက္ကသိုလ်မဟုတ်ဘူး အွန်လိုင်း အသံသရုပ်ဆောင်တဲ့ နေရာပဲ။ သူက အသံသရုပ်ဆောင်တာ အရမ်းကောင်းတာ အသေချာကြီးကို မင်းက  ဆွဲဆောင်မှု အတွက် အမှတ် 1.0 ပဲပေးလိုက်တယ် ဟုတ်လား၊ တစ်ပြားလိုနေတာလား

ပရိသတ် 3- ငါတို့ အန်ကယ်ဘန်က ဘာအပြစ်လုပ်ခဲ့တာလဲ ငါနားမလည်ဘူး။ ... ဒါပေမယ့် ထားပါတော့ အရှေ့က ပြိုင်ပွဲဝင်တွေရဲ့ ရမှတ်တွေထက် ပိုမြင့် သွားခဲ့ သေးတယ်မလား—သူ့ရမှတ်နဲ့ ပထမနေရာက သေချာနေပြီ။ သူ့လောက်ကောင်းတာ ရှိသေးလို့လား?? ╮(╯▽╰)╭

       

       

ပြိုင်ပွဲတစ်ခုမို့ ကန့်ကွက်သံတွေ ထွက်ပေါ်လာတာ သဘာဝပါပဲ၊ ဆန့်ကျင်သော သဘောထားများ လျင်မြန်စွာ ပေါ်လာပါလိမ့်မယ်။

exclusive rights to an online voice actor Onde histórias criam vida. Descubra agora