ch 69

59 5 0
                                    

ဝါးတော၊ ညနေခင်း၊ မိုးရွာနေ။

သူရဲ့နောက်ဆုံးခွန်အားများ ကုန်ဆုံးသွားသဖြင့် ရွှံ့ထဲတွင် လဲကျသွားကာ—“အသက်ရှင်ရန်ကြိုးစားနေတဲ့ အမှိုက်ကောင်ရဲ့ဖြစ်တည်မှု” အဖြစ်သာ ဖော်ပြနိုင်သည့် မြင်ကွင်းတစ်ခုပင်။

လျို့ဝှက်တပ်များက အမီလိုက်ခြင်းမရှိသေးသော်လည်း သူကတော့ ကြိုးရဲ့အဆုံးတွင်ရှိနေပြီဖြစ်ပြီး ကြွက်သားတစ်ခုမျှ မလှုပ်ရှားနိုင်တော့။

ကောင်းကင်မှ မိုးသည်းထန်စွာရွာချလာတာနှင့်အမျှ ထူထပ်သောရေမှုန်များက သူ့ရှေ့မှ ဗွက်အိုင်ထဲသို့ ကျသွားလေပြီ။ သူ အားသွန်ခွန်စိုက် မျက်တောင်ခတ်ထားတာတောင် သူ့မျက်တောင်တွေ ဆီက သူ့မျက်လုံးထဲသို့ မိုးသီးပုတီးစေ့တွေ တလိမ့်လိမ့် ကျဆင်း နေတာကို မတားနိုင်ခဲ့ပါဘူး။ နာကျင်လွန်းလှသဖြင့် ဗွက်အိုင်ပေါ်မှ လှိုင်းလုံးများကို မမြင်နိုင်ဘဲ ရေထဲတွင် ပြန့်ကျဲနေသော သူ့သွေးများကို မြင်နေရလျက်။ သွေးနံ့မှာ သူ၏ အနံ့အာရုံများ စိမ့်ဝင်သွားရာ

- ငါသေတော့မယ်။

၎င်းမှာ သူ့ကိုယ်သူ  ဆန္ဒမရှိဆုံးနည်းဖြင့် ပြောပြနေသလို။
   
အမည်မသိ ဝါးတောကြီးရဲ့ နက်နဲသော နက်နဲသော အမှောင်ထုထဲတွင် သူတစ်ယောက်တည်း ဝမ်းနည်းကြေကွဲဖွယ် အခြေအနေတွင် တစ်ယောက်တည်း သေဆုံးသွားရပေတော့မယ်။

“ငါ… မသေချင်ဘူး။ မသေချင်ဘူး…”

သူ့အသိစိတ်ကို ထိန်းမနိုင် သိမ်းမရနဲ့ ဒီစကားတွေကိုသာ ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ပြောနေခဲ့တယ်။

မိုးသံသည် အလွန်ကျယ်လောင်လှပေတယ်။ သူ့အသံမှလည်း မိုးရွာသွန်းမှုနှင့်အတူ ရောယှက်သွားကာ အပူတပြင်း အော်လိုက်သလို ယခင်ကထက် ပို၍ အရေးတကြီး ဖြစ်လာနေဟန်။

ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံကို ရုတ်တရက် ကြားလိုက်ရလေရဲ့။ "မသေချင်ဘူးလား? မင်းဘာတွေဆက်လုပ်နေသေးလဲ"

တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်လာသည်နှင့်အမျှ ဗွက်အိုင်များရဲ့ လှိုင်းလုံးများပေါ်တွင် ရောင်ပြန်ဟပ်နေသော အဖြူရောင် ၀တ်စုံဖြင့် လူတစ်ဦးကို မြင်လိုက်ရပါရဲ့။ သူဘယ်ကလာလဲ၊ ဘယ်ရောက်သွားမှန်း မသိပေမယ့် အဲဒီလူက ကောက်ရိုးဦးထုပ်နဲ့  ဆောင်းပြီး မှာ မိုးစက် တွေ အကြား ရပ်နေခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now