ch 73

64 6 4
                                    

အမျိုးသမီးက တတ်နိုင်သမျှ တိုးဖျစွာ မေးလိုက်ရာ သူ့အသံက စူးစူးဝါးဝါး ဖြစ်နေကာ ရှန်ယန့်ရဲ့နာမည်အား ပျက်နေသော မှတ်တမ်းတစ်ခုကဲ့သို့ နှစ်ခါပြန်ပြောလာလျက်။

"ရှန်ယန့်... ရှန်ယန့်?"

သူမှလွဲ၍ မည်သူမျှမကြားရ။

သူ့ရှေ့ကလူက ဘယ်သူလဲ၊ သူ့အပြင် ဘယ်သူမှ ပိုမသိနိုင်။

ရှန်ယန့် အဝေးကို အကြည့်မလွှဲနိုင်ခဲ့။

ထိုအမျိုးသမီး၏အကြည့်က လွန်ခဲ့သောနှစ်များကဲ့သို့ စူးရှခြင်းမရှိတော့ပေ။ သို့သော်အချိန်တွေ အများကြီး ကုန်ဆုံးသွားတဲ့တိုင် သူမရဲ့ အကြည့်တွေက ကြောက်မက်ဖွယ် စွဲလမ်းမှုတွေ ပြည့်နှက်နေဆဲပါပဲ။ ထိုမျက်လုံးများရဲ့ စူးစူးစိုက်စိုက်ကြည့်လာမှုအောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားကာ ရှောင်မလွှဲနိုင်ဖြစ်သွားခဲ့လေရဲ့။

သူပြန်မဖြေရင်တောင် သူ့အသွင်အပြင်နဲ့ သူ့အမူအရာက သူ့ကို သစ္စာဖောက်နှင့်ပြီးသား။

အမျိုးသမီးက သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ဖို့ အခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ဆီသို့ နောက်ထပ်ခြေတစ်လှမ်းတိုးလာကာ “အဲဒါ…မင်းမဟုတ်လား”

ရှန်ယန့်၏ အသက်ရှုသံများ ရုတ်တရက် မြန်လာခဲ့ပြီ။ သို့သော် သူမ၏ စိုက်ကြည့်မှုက သူ့ရဲ့ လည်ချောင်းထဲတွင် တစ်စုံတစ်ခုက လည်ပင်းညှစ်ထားသကဲ့သို့ ခံစားရကာ စကားမပြောနိုင်ဘဲ အသက်ရှူမဝတော့။ သူ ခေါင်းခါရုံသာ တတ်နိုင်ပေမယ့် ဒီလိုလုပ်တာက သူ့ကို ပိုပြီး အရှက်ရစေ‌သော်လည်း တခြားဘာမှ မလုပ်နိုင်တဲ့အတွက် ငြင်းဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်တယ်။

“ချီကျင့်…”

မသိစိတ်ကနေ ခေါ်မိလျက်သား။

ပထမအကြိမ်ခေါ်ရာတွင် အသံက အလွန်နိမ့် နေသောကြောင့် အသံပင်ထွက်မလာနိုင်ပေ—သူ့ပါးစပ်ကို ဖွင့်လိုက်သောအခါ အလျင်အမြန် ထွက်လာတဲ့ အသက်ရှူသံနှင့်သာ ပိုတူနေဟန်။

သူဘာမှ တုံ့ပြန်ဖို့ အချိန်မရခဲ့ပဲ သူ့အသံကြိုးတွေက ခွန်အားတွေတောင် မစုစည်းနိုင်တော့သဖြင့် အသံက လည်ချောင်းထဲမှာ ပိတ်မိနေတယ်ဆိုတာ သိလိုက်ရတယ်။

exclusive rights to an online voice actor Where stories live. Discover now