ch 81

69 12 7
                                    

နံပါတ် 120 မှာ ကောင်တာပေါ်တွင် ပေါ်လာပြီးနောက် စက္ကန့်တိုင်း ရွေ့လျားလာသည်နှင့်အမျှ ၎င်းက စတင် ရေတွက်လာခဲ့ပြီ။

ပရိသတ်ထဲတွင် မည်သူမျှ ၎င်းတို့၏ နားကြပ်ထဲမှ အသံ ကြားမလာရပေ။

တိတ်ဆိတ်နေခဲ့တယ်။

ထိုစဉ် ရုတ်တရက် စိတ်မရှည်သော အရိပ်အမြွက်သံနှင့်အတူ သက်ပြင်းချသံကို ရုတ်တရက် ကြားလိုက်ရလျက်။

“ဟမ်း…”

မောပန်း နွမ်းနယ်သော သက်ပြင်းတစ်ချက်ဖြစ်သော်လည်း မိုက်ဖြင့် နီးကပ်နေသောကြောင့် အထူးရှင်းလင်းစွာကြားနိုင်လေတယ်။

အရည်အသွေးမြင့် နားကြပ်တပ်ထားကြသူများမူ ၎င်းတို့ရဲ့ နားထဲသို့ ဖြည်းဖြည်းချင်း နက်ရှိုင်းလာသည်ကိုပင် ခံစားရနိုင်ပါရဲ့။

“ငါကိုယ်တော်တကယ် နားမလည်ဘူး…”

ဒီစာကြောင်းက လူတစ်ယောက် မူးဝေရာမှ လန့်နိုးလာသလို၊သူ့အသံက အနည်းငယ် ကြမ်းရှနေကာ နဂါး ပလ္လင် အထက် ပျင်းရိစွာ မှီမြန်းထိုင်နေသော  လူတစ်ယောက်၏ ပုံကိုပင် မြင်ယောင် လို့ရနိုင်ပါရဲ့။

နောက် အခိုက်တန့်မှာပဲနဂါး ပလ္လင်ပေါ်မှ က သူ့ရဲ့ ထိုင်နေတဲ့ ပုံစံကို ပြောင်းလိုက်သလိုပင်။

သူအသံက ပို၍ ပို၍ပင် ဒေါသ သံပါလာလေတယ်။

“တိုင်းပြည် ကြီးပွားချမ်းသာပြီး ရာသီဥတု သာယာသလို ပြည်သူပြည်သားတွေ ဆီမှာလည်း ကောက်ပဲသီးနှံတွေ ပေါများတယ်-

ဒါနဲ့များ ဘာလို့ သူပုန်တွေကြောင့် ဒုက္ခရောက်နေသေးတာလဲ။

ချွန်ထက်သော ဝါးလုံးအား မြေပြင်ပေါ်သို့ အားပြင်းပြင်းနှင့် ထိုးစိုက်လိုက်ကဲ့သို့  စကားလုံးတစ်လုံးစီ၌ သူမှာ အသံက တစထက်တစမြင့်တက်လာကာ
“ငါကိုယ်တော်က အဖြစ်မရှိတာလား၊ ဒါမှမဟုတ် ဒီတိုင်းပြည်ကလူတွေကပဲ အဖြစ်မရှိတာလား၊"

ထို မေးခွန်းအား ဒေါသတကြီး  မေးမြန်းပြီးတဲ့နောက် အားအင်ကုန်ခမ်းသွားသလို တဆက်ဆက် တုန်ခါလာပြမှ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေတယ်။

exclusive rights to an online voice actor Where stories live. Discover now