ချီကျင့် ဘယ်တုန်းကမှ မစဉ်းစားခဲ့။
သူက အတိတ်ကလညိး ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘဲ နောင်မှာလည်း ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပေ… ရှန်ယန့် ကသာ သူ့ကို ဒီလိုမျိုး မတောင်းဆိုတာ မဟုတ်ခဲ့ဘူးဆိုရင်ပေါ့။
အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူ့အဖြေကို မပေးခဲ့ချေ။
"မင်းတို့ မိသားစုနဲ့ ထပ်ပြီး စကားပြောသင့်တယ်လို့ ကိုယ်ထင်တယ်"
ရှန်ယန့် က သူ့အတွက် ထိုမေးခွန်းကို ဖြေလိုက်သောအခါ အတူတူထမင်းစားရင်း ထိုင်နေကြစဉ်မှာပါပဲ။
သူတို့ရှေ့မှာတော့ အနက်ရောင်သစ်ကြားပင်ရဲ့အသားနဲ့ ပြုလုပ်ထားတဲ့ ကျယ်ပြောလှတဲ့ ထမင်းစားပွဲတစ်ခုရှိ နေတယ်။ စားပွဲပေါ်တွင် ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်လုံးကို သပ်သပ်ရပ်ရပ် စီစဉ်ပေးထားပြီး အားလုံးကို အိမ်တွင် သာချက်ပြုတ်ပြီး ရှန်ယန့်က ပြန်၍အပူပေးထားခဲ့ပါတယ်။ မိသားစုအရေးတွေကို ဆွေးနွေးဖို့ ဒီထက်ပိုကောင်းတဲ့ အချိန်မရှိတော့ပါဘူး။
ချီကျင့် ရဲ့ လက်ထဲက ချောင်းတွေ အေးခဲသွားကာ သူက ဟင်းရွက်တွေကို ပန်းကန်ထဲကို တိတ်တဆိတ်ပြန်ထည့်ကာ သက်ပြင်းချရင်း
"ရှန်ယန့် မင်းက ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့်... သူတို့နဲ့ ဆက်သွယ်ရတာ အရမ်းလွယ်တယ်ဆိုရင်အခုလို သူတို့နဲ့နှစ်တွေအကြာကြီ အဆက်အသွယ်ဖြတ်မှာ မဟုတ်ဘူး။”
ချီကျင့်ဆိုသူမှာ အလွန်လိုက်လျောညီထွေရှိသောလူဖြစ်ပြီး နူးညံ့သိမ်မွေ့ပြီး အလွန်စိတ်ရှည်သူပင်။
ထိုသို့သောလူက နောက်ကြောင်းပြန်မလှည့်ရန် ရွေးချယ်ဖို့ဆိုလျှင် အဆုံးသို့ရောက်ရှိပြီး အခြားရွေးချယ်စရာမရှိတော့ဟု ယူဆနိုင်ဖွယ်ရှိပါတယ်။
ရှန်ယန့် လည်း သူ့တူတွေကို ရပ်တန့်လိုက်ပြီး ဘာဆက်ပြောရမလဲမသိ။
သူလိုချင်တဲ့ နောက်ဆုံးအရာကတော့ ချီကျင့် အတွက် ခက်ခဲတဲ့အရာတွေကို မလုပ်မိ စေဖို့ပါပဲ၊ အထူးသဖြင့် ဒီနေ့တွင် သူက စိတ်ပိုင်းဆိုင်ရာ ကသောင်းကနင်းဖြစ်ခဲ့ပုံကို စဉ်းစားလိုက်ရ ဒီထက်ပိုဆိုးအောင် မလုပ်ချင်တော့။
" ကိုယ်နားလည်ပြီ...အရင်ထမင်းစားရအောင်" သူက အသံတိုးတိုးဖြင့် ပြောလိုက်လျက်။
သူ့အား စကားဖြင့် နှစ်သိမ့်ခဲ့ပဲ ရှန်ယန့်က ချီကျင့်ရဲ့ နားထင် ပေါ်၍ ဝေ့ဝဲနေသော ဆံပင်များအား ပွတ်သပ်ပေးလိုက်ရင်း နူးညံ့သော အပြုံးလေးနဲ့ ချီကျင့်ကို နှစ်သိမ့်ပေးလိုက်ခဲ့ပါတယ်။ ၎င်းမှာ နှစ်ပေါင်းများစွာ တိရစ္ဆာန်ဆေးကုခန်းတွင် အလုပ်လုပ်ပြီးနောက်မှာ ဒဏ်ရာရထားငယ်တိရစ္ဆာန်များကို သက်တောင့်သက်သာဖြစ်စေရန် ဤနည်းလမ်းအမြဲကြိုးစားလေ့ရှိကာ အောင်မြင်လေ့ရှိတယ်ပင်။
ချီကျင့် အလုပ်တွင် ရှန်ယန့် ကို ဂရုတစိုက် ကြည့်နေခဲ့သောကြောင့် ယခု အချိန်မှာ ရှန်ယန့်ရဲ့ ဒီအကျင့်လေးကို သူသိရှိခဲ့ပြီးပြီ ဖြစ်တယ်။ ဒါပေမယ့် ဒီလို နှစ်သိမ့်မှုမျိုးကို ချီကျင့်ကျေနပ်စွာလက်ခံလိုက်ပါတယ်။
အမှန်တော့၊ သူ့အားနည်းချက်ကို ပြပြီးနောက်မှာတောင် သူ့ဒဏ်ရာတွေကို သက်သာ အောင် လုပ်ပေးနိုင်တဲ့သူက ရှန်ယန့် ပဲလေ။
ဒီအချိန် ညစာက ခါတိုင်းထက် နှစ်နာရီလောက် နောက်ကျနေတာမိုး ပန်းကန်ခွက်ယောက်တွေကို ရှင်းလင်းပြီးတာနဲ့ ညကမိုးချုပ်သွားပြီပင်။ ချီကျင့် အပြင်တွင် တစ်နေကုန် မှတ်တမ်းရိုက်နေခဲ့ပြီး ထိုလူနှင့် “ပြန်လည်ဆုံဆည်းခြင်း” တို့ဖြင့် သူ့ရဲ့ စိတ်ရော ကိုယ်ပါ နှစ်ခုစလုံးမှာ ယခုအခါ ပင်ပန်းနွမ်းနယ်နေ လေပြီ။ သူ ရေချိုးချင်ရုံမျှမက ထိုကြောက်စရာကောင်းသော အမှတ်ရစရာများနှင့် ရွံရှာဖွယ်အသက်ရှုရှိုက်ခံခဲ့ရမှုများတို့ကြောင့် မိမိကိုယ်ကို သန့်စင်ရန် ဆန္ဒရှိခဲ့လျက်။
YOU ARE READING
exclusive rights to an online voice actor
RomanceAuthor(s) He Jian Jiao (Yan Qiu) 荷尖角(焱蕖) Artist(s) N/A Year 2013 Status in COO 152 Chapters (Completed)