....ဤ အပိုင်း စာကူရိုက်ပေးပါသော Shu rinကို
ကျေးဇူးတင်ပါတယ်။အခန်း (၁၂၆) ဂိုဏ်းပေါင်းစုံက လာပြီး အနိုင်ကျင့်ကြတယ်
ကျူးယောင်လည်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာရော နှစ်တစ်ရာက ကုန်လွန်သွားခဲ့ပြီ။
ရေကန်အောက်ခြေက တက်လို့ ရေကန်ဘေးနားမှာ လမ်းလျှောက်လာစဥ်မှာပဲ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မျက်နှာစိမ်းတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ ထိုသူက အရပ်လည်း ရှည်တယ်။ ပြီးတော့ မျက်နှာကလည်း အချိုးအစားပြေပြစ်စွာနဲ့ ချောမောတယ်။ သို့ပေမယ့် သူ့ရဲ့မျက်နှာက မျက်နှာသေ။ အရိပ်မည်းကြောင့်လား မသိဘူး ကျူးယောင်လည်း အခုနောက်ပိုင်းဆို အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့သူတွေကို အလိုအလျောက် စိတ်ထဲက မနှစ်သက်သလို ဖြစ်နေတယ်။ ရပ်နေတဲ့မျက်နှာစိမ်းက နတ်အမြုတေအဆင့်ပဲ ရှိတဲ့သူဆိုပေမယ့် ကျူးယောင်လည်း အနည်းငယ်မျက်မှောင်ကြုတ်မိသွားတယ်။
ဟိုးတုန်းကတည်းက ကျောက်စိမ်းသစ်တာတောင်ဆိုတာ အပြင်လူတွေကို အဝင်မခံဘူးလေ။ တစ်ခါတစ်ရံ ဂိုဏ်းချုပ်ဇီမို လွှတ်လိုက်တဲ့ သတင်းစကားလာပါးတဲ့ ဂိုဏ်းသားတွေလောက်ပဲ လာတတ်တာ။ သို့ပေမယ့် ထိုမျက်နှာစိမ်း ဝတ်ထားတဲ့ဝတ်စုံက ရှေးဟောင်တောင်ဂိုဏ်းအမှတ်အသား မဟုတ်ပြန်ဘူး။ သူ တံခါးပိတ်ကျင့်ကြံနေတဲ့ နှစ်တစ်ရာအတွင်း ဂိုဏ်းရဲ့ဝတ်စုံများ အသစ်ပြောင်းလိုက်ကြတာလား။
" မင်း ဘယ်သူလဲ "
သူရဲ့မေးခွန်းကြောင့် ထိုလူလည်း အနည်းငယ်အံ့သြသွားပုံရတယ်။ ပြီးတော့ ဘလင်းဘလင်းတောက်ပနေတဲ့ သူ့ရဲ့မျက်လုံးတွေကလည်း အနည်းငယ်တော့ ဖျော့ေတာ့သွားတယ်။ သို့ပေမယ့် သူ့ဆီကို တဖြည်းဖြည်းချင်းလျှောက်လာတယ်။
ကျူးယောင်လည်း အနည်းငယ်မျက်မှောင်ကြုတ်မိသွားတယ်။ ထိုလူ့ရဲ့ခပ်မဆိတ်အပြုအမူကို သိပ်တော့သဘောမကျဘူး။ သို့ပေမယ့် ထိုလူ့ပုံစံကြည့်ရတာ အန္တရာယ်မပေးမယ့်ပုံစံမလို့ ကျူးယောင်လည်း နှင်ထုတ်ဖို့ စိတ်ကူးတော့မဖြစ်မိဘူး။
BẠN ĐANG ĐỌC
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Hài hướcကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...