အခန်း (၁၁၄)နေရာအပြောင်းလဲနဲ့အကောင်ဆန်းများ

5.4K 730 91
                                    

Both Unicode and zawgyi

လှည့်ထွက်ခါနီးမှာ အခေါ် ခံလိုက်ရတာကြောင့် နှမ်းလေး မျက်လုံးတွေ ဝင်းပသွားပြီး
ယုံချင်စရာမရှိတဲ့ မိကျောင်းမျက်ရည်တုတွေ
လည်း ပိုးပိုးပေါက်ပေါက် ထွက်လာသေးတယ်။

'' ကျတော်သိနေတယ် ကျတော့်ကို
သခင်မ ချစ်နေဆဲပဲဆိုတာ''

'' ပြန်တွေးကြည့်လိုက်တော့လည်း
နင် ထွက်ပဲ သွားလိုက်ပါတော့လား''

'' မြောင်......''

နှမ်းလေးက စိတ်လှုပ်ရှားတဲ့အသံနဲ့
သူ့ပေါင်ကို တစ်ဖန် ပြန်လာ ဖက်ထားတယ်။
အကန်ခံရပြီးတာတောင် လာဖက်တုန်းပဲ။
ယုလော်တို့အတွဲလည်း မရှိတော့ရော
နှမ်းလေးက မျက်ရည်လည်ရွဲနဲ့ အော်ငို
တယ်။

'' သခင်မ နှမ်းလေးကို ဘယ်လိုတောင်
ရက်စက်နိုင်ရတာလဲ မျှမျှတတ မရှိရတာလဲ
နှမ်းလေးမဟုတ်တဲ့ တခြားအကောင်တွေ
ကို ဘာလို့ သခင်မနား ခေါ် ထားနိုင်ရတာလဲ''

'' ဟင် ငါ ဘယ်သူ့ ခေါ်ထားမိလို့လဲ''

'' အယ်.....ဟ်ို ဒသမဆင့်တစ်ကောင်က
သခင်မ ခေါ် ထားတာမဟုတ်ဘူးလား''


နင့် အစ်မကိုပဲ အိမ်ခေါ် ထား!
မသိရင် သူကပဲ အငယ်နှောင်း(လင်ငယ်)ခေါ်ထားမိတဲ့
ပုံစံနဲ့ ပြောခံရနေတယ်။

'' ဒါဆို သူ့ ဘာလို့ သည်ကို ခေါ် လာတာလဲ''

တစ်ကယ်တော့ ကျူးယောင် ချန်းနင်းကို
ခေါ် လာရတာ သူ့အကြောင်းနဲ့သူ။ ဂိူဏ်း
တစ်ခုတည်ထောင်ရတယ်ဆိုတာ လွယ်တာ
မှတ်လို့။အထူးသဖြင့် သူ့လို ဂုဏ်သိက္ခာကြီးမားပြီး ပိုက်ဆံကျ တပြားမှမရှိတဲ့
နတ်ဝိဇ္ဇာကြီးအဖို့ပေါ့။ချန်းနင်းက မှော်သတ္တဝါ ဆိုပေမဲ့ လောပန်း ဘောစိလေ။ သူနဲ့
ခင်မင်ရင်းနှီးထားတော့ တစ်ခုခုလိုရင်
စပွန်ဆာ တောင်းလို့ ရတာပေါ့။


ဒါကြောင့် နောက်ဆုံးအကြောင်းပြချက်ကတော့.....…

'' ဘာလိုလဲဆိုတော့ ငါတို့ က ဆင်းရဲတာကိုး''

နှမ်းလေး>>>>> '' #$%......'''


'' ထဦး မင်းကို မေးစရာ ရှိတယ်''

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tempat cerita menjadi hidup. Temukan sekarang