၄၆ရှေ့ကိုတိုးသွားလေလေ ပိုမှောင်လာပြီး အလင်းရောင်မှိန်ဖျော့လာတယ်။နောက်ဆုံးတော့ ယုယန်လက်ထဲ ကိုင်ထားတဲ့ ခရမ်းပြာမိုးကြိုး
ရဲ့ ထစ်ချုန်းသံနဲ့ အလင်းရောင်ကလွဲလို့ တခြား
အလင်းရောင်တွေ လုံးဝ မတွေ့ရတော့ဘူး။
ကျူ းယောင်လည်း ရှေ့ကလူရဲ့ အင်္ကျ ီစဆွဲကို ဆွဲထားလိုက်တယ်။တော်ကြာ ရှေ့လှမ်းရင်း လေဟာနယ်ကြီး နင်းမိပြီး ချော်လဲသွားရင်ဖြင့် အတော်ကို ရှက်စရာကောင်း။အဆွဲခံ ရတဲ့ ယုယန်လည်း ခဏတော့ အံသြသွားတယ်။ပြီးမှ နောက်က ဆွဲတဲ့သူက သူရဲ့ တပည့် ငတုံးဆိုတာ သတိရပြီး မလွှတ်ခိုင်းတော့ဘဲ အောက်ကို ဆက်ခေါ်ဆောင်လာတယ်။
ဘယ်လောက်ကြာအောင် လှျှောက်ခဲ့ရမှန်းမသိဘဲ ဖြစ်နေတဲ့ အချိန်မှာတော့ အလင်းရောင်လေးတစ်ခုကို ကျူ းယောင်လည်း မြင်လိုက်ရတယ်။ခဏနေတော့ ရုတ်တရက် အမှောင်
ကန့်လန့်ကာကို ဆွဲချလိုက်သလိုပဲ။ သူမဘေးပတ်လည်က လင်းချင်းသွားတယ်။သူမ ရောက်နေတာက ကျယ်ဝန်းတဲ့ အခန်းတစအခုပဲ။အလယ်မှာ ဖျာအသေးတစ်ချပ်သာ ချ ထားပြီး တခြား ပရိဘောဂ အသုံးဆောင် မရှိေ
တာ့ဘူး။ ပုံမှန် ကျင့်ကြံဂူ တစ်ခုလို့ ထင်ရပေမဲ့ လျှပ်စီး ချီ တွေနဲ့ ပြည့်နှက်နေလို့ နေရထိုင်ရ အတော်ကို သက်သောင့်သက်သာ ရှိတယ်။(Kufu panda 3 မှ ချီ အသုံးပြု တိုက်ခိုက်ခန်း..
😁😁)
ယုယန်က အလယ်ကို လျှောက်သွားပြီး
လက်ထဲက မိုးကြိုးကို အပေါ်ကို ပစ်တင်လိုက်တယ်။ မိုးကြိုးက လေထဲမှာ ပေါလော မျောနေတယ်။ ထိုအခါမှပဲ ကျူ းယောင်လည်း
သူတို့ အပေါ်က ရေကန်ကြီး ဆိုတာတွေ့ရတော့တယ်။ရေကန်ရဲ့ အပေါ်ထိကို တစ်လျှောက်လုံုး မြင်နေရပြီး ရေကန်ဘေးက မြင်ကွင်းတွေတောင် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။သူတို့က ရေကန် အောက်ခြေ မှာပဲ။ ဒါက နယူတန်ရဲ့ ဆွဲငင်အားနိယာမနဲ့ သွေဖယ်နေတာမလို့ သူမအတော် အံသြသွားတယ်။
''ဆရာ..ဆရာ..ဘာလို့ ရေတွေက အောက်ပြုတ် ကျမလာတာလဲ''
သူမလည်း ခုမှ မြို့ရောက်တောသားလိုပဲ မျ က်နာ ကြက်ကို လက်ညိုးထိုးမေးမိတယ်။

YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...