အခန်း(၇၄)ငါ.မင်းကို အရူးလုပ်မိပြီ

6.4K 916 75
                                    

အခန်း ၇၄

ဒီ ရှေးဟောင်းအစီရင်တွေကို စီစဉ် တဲ့သူက
မူလတန်းကျောင်းသားပဲ ဖြစ်ရမယ် ဟုတ်
တယ်မလား။

နောက်ထပ် နင်နဲ့ ထပ်ပြီး ကားချပ် ပဟေဠိ
ထပ်ကစားဖို့ စိန်ခေါ်ရဲတယ်ကွ!!

''ညီလေး...မင်း...သိသေးလား´´

ကျူ းယောင်လည်း ငိုချင်နေပေမဲ့လို့ ခေါင်း
ညိတ်လိုက်တယ်။ သူ အနည်းဆုံးတော့ ဒီလို
ကလေး ဂိမ်းတွေ မဆော့ချင်ဘူးလေ သိ
တယ်ဟုတ်။

သက်ပြင်းရှည်ကြီးချရင်း သူလည်း ကလေး
ဂိမ်းလေးတွေ ဆော့ရမယ့် ကံကြမ္မာကို လက်ခံ
ရင်း နံရံပေါ်က အကွက်တွေကို စီတယ်။

တစ်ကယ်ဆိုရင် ဒါဟာ ကျောက်တုံးစီဂ်ိမ်း
ထက်ကို ပို ကလေးကလား ဆန်သေးတယ်။
ပုံကလေး ကပ်ကြမယ်လို့ သာ ပြောင်းလိုက်
ချင်တယ်။ စည်းမျဉ်းတွေက ရှင်းပါတယ်။
အကွက်ကိုးကွက် ၊ ရုပ်ပုံလေးခု။
ဒေါင်လိုက် ၊ အလျားလိုက် ၊ ကန့်လန့်ဖြတ်မှာ
ကားချပ် ရုပ်ပုံ တစ်ခုနဲ့ တစ်ခု မထပ်ရင်က်ို
ရပြီ။

ဉာဏ်ရည်ဉာဏ်သွေး အဆင့်ကို ပြောရရင်
တော့ လုံးဝ ကလေးကွက်၊ မူလတန်းအရွယ်
ချစ်စရာ့ အရွယ် ကစားကြမယ် ပဲ။

ဒီတစ်ခေါက်မှာတော့ ထို နံရံက ရုပ်ပြောင်းရွေ့
ပစ္စည်းအဖြစ် မပြောင်းသွားတော့ ဘဲ အတုံး
လေးတွေ အဖြစ် ပြောင်းသွားပြီး ဘေးတစ်ဖက်
တစ်ချက်ကို ရွေ့သွားပြီး အလယ်မှာ ဝင်
ပေါက်တစ်ခု ဖြစ်ပေါ်လာစေတယ်။

'' မြန်မြန် သွားကြစို့ ´´

ကျူ းယောင်လည်း ဦးဆောင်ဦး ရှေ့ကို လျှောက်
သွားတယ်။ သို့ပေသိ နှစ်လမ်းလောက် လျေ၊ှာ
က်ရသေး နောက်က ဘာ အသံမှ မကြားရတာ
ကို သတိထားမိလိုက်တယ်။သူလည်း
လှည့်ကြည့်လိုက်လည်း အသားလုံးကြီးတစ်ခု
က နံရံနှစ်ခုကြား ညပ်နေပြီး လောလောဆယ်
တော့ သူမဘက်ကို သွားတိုက်ဆေးအကပ်ကျန်
ကို ဇွတ်အတင်းညှစ်သလို ညှစ်ရင်း ထွက်ဖို့
ကြိုးစားနေတယ်။

ကျူ းယောင်..>> ''#*$....´´

'' ဟီး ဟီး...ညီလေးရေ...ငါတော့ ထပ်ညပ်
မိပြန်ပြီ´´

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tempat cerita menjadi hidup. Temukan sekarang