အခန်း(၈၂)တပည့်လေး လာ စမ်းသပ်စရာရှိတယ်

6.5K 886 79
                                    

(😁 လေးခန်းဆက်တိုက် ဒိတ်ပေးလိုက်ပါတယ်
နောက်တစ်ခန်းကို နက်ဖြန်ကျ ဒိတ်ပါမယ်
😁....)

'' လူတော်လေး...´´

ကျူ းယောင်လည်း ရှုဟိုင်လက်ထဲကနေ
စာရွက်တစ်ထပ်ကြီးကို ယူလိုက်တယ်။
ကောင်စုတ်လေးက စိတ်ကောက်မနေရင်
ချစ်ဖို့ကောင်းသား။

'' မမကျူ း...´´

ဝမ်ရှုဟိုင်ကလည်း  ပြောမယ်ကြံ ပြီး ခဏ
ရပ်သွားတယ်။ပြီးမှ ဆက်ပြောဖို့.ဆုံးဖြတ်လိုက်
တယ်။

'' မမကျူ း....နတ်ဝိဇ္ဇာသခင်မ...ဖန်းရီ
နဲ့ သိပ် မပေါင်းပါနဲ့...လား....သူက ရှောင်ရီ့
ဆရာလေ...အဲတော့...ဝေးဝေးနေတာ..ပို
ကောင်း...´´

'' စိတ်မပူပါနဲ့´´

ကျူ းယောင်လည်း သူ့ခေါင်းလေးကို လှမ်း
ပုတ်တယ်။

''မင်း ငါ့ကို ကြိုးနဲ့ ချည်ပြီး ခုနေ သူ့ဆီ.
သွားပို့တောင် ငါ သူ့နားမကပ်ရဲတော့ဘူး´´

ဒီ ဆရာတပည့် နှစ်ယောက်လုံးက အတော်
ကို ကြောက်ဖို့ကောင်းတယ်။.သူတို့ နှစ်ယောက်
လုံးကို သူ့ ဘဝမှာ မသိခဲ့မိရင် အကောင်းသား။

သို့ပေသိ သတ္တုဝိညာဉ်က ရှောင်ရီ့ လက်ထဲ
မှာပဲ ရှိသေးတော့ ကြည့်ရတာ သူမ ရှောင်
လွဲလို့ ရမည်မဟုတ်။

ဟုတ်သားပဲ။ သတ္ထု ဝိညာဉ်အကြောင်းပြောမှ
ပဲ သူ့ရဲ့ သစ်သားဝိညာဉ်လေးကိုလည်း
လွှတ်ပေးရအုံးမယ်ဆိုတာ သတိရတယ်။

သူ ရေဝိညာဉ်ကို လွှတ်ပေးလိုက်တုန်းက
ရှောင်ရီ့နဖူးက အဖျက်ကောင် စကားလုံးက
အတော်ကို အရောင်ဖျော့သွားတယ်။
သိုပေမဲ့ သူမ သစ်သားလေးကို ရတုန်းက
ထိုကဲ့သို့ မဖြစ်ပေ။ ကြည့်ရတာ သူမက
ဝိညာဉ်ငါးခုကို လုယူလိုက်ရုံနဲ့ မပြီးဘူးပဲ။
တစ်ခြားလူတွေကပါ.ဒီ ဝိညာဉ်ပစ္စည်းငါးခု
ကို မသုံးနိုင်အောင် လုပ်ရမယ့်ပုံပေါ်တယ်။

သစ်သားဝိညာဉ်လေးက သူ့နောက်ကို လိုက်
လာတာ အတော်ကြာပြီ ဖြစ်သလို သူ့အမိန့်
ကိုလည်း အတော်နာခံတာမလို့ ကျူ းယောင်
လက်မလွှတ်နိုင်ဘူး ဖြစ်နေတယ်။
ရေဝိညာဉ်ကတော့ ပုန်းစရာ သမုဒ္ဒရာ ကြီး
တစ်ခုလုံးရှိပေမဲ့ သစ်သားလေးကတော့
အပင်ပေါက်လေးသာဖြစ်လို့ သူသာ မြေကြီး
ပေါ်.အမြစ်တွယ်တာနဲ့ ထွက်ပြေးနိုင်မှာ
မဟုတ်ဘူး။ဒါကြောင့် သူမ လူသူမရောက်ပေါက်
နိုင်တဲ့ နေရာကို ရှာမှ ဖြစ်မယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)حيث تعيش القصص. اكتشف الآن