အခန်း (၃၉)..အပိုင်း..၂...

7.7K 1K 140
                                    

၃၉...DD

အကာကွယ် မန်းမှုတ်ပြီးလို့ လက်တောင်မရုတ်ရသေးတဲ့ ဆရာ ယုယန်....

...''#*$...´´

'' ခလု..
စောစောက ဟာက ခရမ်းမိုး ကိုးမျိုး မိုးကြိုး ပဲ´´

သူ့တပည့်ရဲ့ မကျေမနပ် အကြည့်ကို သတိထားမိလို့ သူလည်း ရှက်ရှက်နဲ့ အမြန် ရှင်းပြလိုက်တယ်။

သူကိုယ်တိုင်လည်း ဒီမိုးကြိုးက နတ်ဝိဇ္ဇာ အဆင့်မှ ရင်ဆိုင်ရတဲ့ ခရမ်းပြာကိုးမျိုးမိုးကြိုး  ဖြစ်လိမ့်မယ်လို့ မထင်မိဘူး! ရိုးရိုး ကောင်းကင်မိုးကြိုးနဲ့ ခရမ်းပြာကိုးမျိုး မိုးကြိုး ကြား ကွာခြားချက်ကတော့ သူက ဘယ်သူ့ကို မဆို ရိုက်ခတ်နိုင်တာပဲ။

ဘယ် ဂါထာ အတားဆီး အကာရံဒိုင်းက်ို မဆို ဖြတ်သန်းသွားနိုင်တယ်။ သူ ပစ်ချင်တဲ့ သူ ပစ်တာပဲ။သူရဲ့ အင်အားကလည်း ပုံမှန် မိုးကြိုးထက် အဆတစ်ရာ မက ပြင်းထန်တယ်။

စောစောက သူ ခန့်မှန်းတာ လွဲသွားတယ်။
သို့ပေမဲ့ သူသာ မုန့်လုံးလေးက်ိုဖက်ထားပြီး
သူ့ အစွမ်းနဲ့ မကာကွယ်ထားဘူးဆိုရင်
မုန့်လုံးလေး ခုလို မဲတူး ရုံပဲတော့ မဟုတ်တာ
သေချာတယ်။

သို့ပေမဲ့ ဘာလို့ ခရမ်းပြာ ကိုးမျိး မိုးကြိုးက
နတ်အမြူတေဆငိ့ မိုးကြိုးတွေကြား ပါလာရတာလဲ။

ပြီးတော့ လူမှား ပြီးလည်း ပစ်သေးတယ်။

သူ့တပည့်ပေါ်ကို အညစ်ကြေးဖယ် ဂါထာ ထပ်သုံးရင်း စောစော မဲတူးသွားတဲ့ ပေါက်စီ လုံးလေး ပြန်ဖြူ သွားတယ်။

သူလည်း ကောင်းကင်ကို မော့ကြည့်ရင်း

''ဒီလောက် ထူးဆန်းတဲ့ မိုးကြိုးစမ်းသပ်ချက်တွေ ဒီ မိုးကြိုး.စမ်းသပ်မှုတွေကို ခံယူ ရတဲ့ သူကတော့ တကယ့်ကို အံသြဖွယ်ရာ ကံကြမ္မာ ကို ပိုင်ဆိုင်ထားတာပဲ..သေချာပေါက် လောကကြီးကို တုန်လှုပ်ပြောင်းလဲစေတဲ့ အဖြစ်ပျက် ဖြစ်ပေါ်စေလိမ့်မယ်´´

ဆရာ..ဆရာ စကားလွှဲဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူး မလား! ကျူ းယောင်လည်း မကျေမနပ် အကြည့်တွေ ပစ်လွှတ်လိုက်ပြီးမှ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora