(ဒီအပိုု်င်းကို ကူရိုက်ပေးသော ညီမ
Wine zat ကို ကျေးဇူးပါ)ကြည့်ရင်းနဲ့ ကျူးယောင်လည်း ပိုပိုပြီး ပူပန်လာရတယ်။ မုန်လာဥလေးက ထပ်ပြီး ချီ
မစုပ်တော့ဘူး။ဒါ့ကြောင့် ကျူးယောင်လည်း သတိပေးလိုက်တယ်။"ယုလော်.....မင်းဆရာ့ကို ကတိပေးထားတာ မေ့သွားပြီလား။ မင်းပြောတော့ သန်မာချင်တယ်ဆို အခု မင်းကိုပြောပြမယ် လောကမှာ ရေဝိညာဉ်လောက် ပြိုင်ဘက်ကင်းတဲ့ ဝိညာဉ်ကြောမရှိသေးဘူး။မင်း ဆရာ့ကို ယုံတယ်မဟုတ်လား ဒါဆို ဆက်ပြီးတောင့်ခံထား"
သူ့စကားသံလည်းကြားရော ခုဏ အားကုန်နေသလို ယုလော်လေးလည်း ဝမ်းသာသွားတယ်။အံကြိတ်ကာ အသက်ပြင်းပြင်းရှူ ရင်း ချီ ဆက်ယူတော့တယ်။ဒီလိုနဲ့ပဲ နောက်တစ်ရက် ထပ်ကုန်ဆုံးသွားတယ်။ယုလော်ရဲ့ မျက်နှာအမူအရာလည်း တည်ငြိမ်လာပြီး ချီတွေလည်း တည်ငြိမ်လာတယ်။
နောက်တစ်ရက် နေထွက်ချိန်မှာတော့ ယုလော် မျက်လုံးပြန်ပွင့်လာတယ်။ချစ်စဖွယ်ကောင်းတဲ့ အပြုံးနုနုလေးနဲ့ သူ့ဆရာကို ငယ်စဉ်မုန်လာဥလေးအတိုင်းပဲ ပြုံးပြတယ်။
"ဆရာ တပည့်အောင်မြင်ပြီ"
ကျူ းယောင်လည်း သူ့တပည့်ခေါင်းကို
ပုတ်ရင်း ကျန်လက်နဲ့ လက်မထောင်ကာ ချီးကျူ းလိုက်တယ်။"သိပ်ကောင်းတယ် ဆရာကောင်းတပည့် ပန်းကောင်းပန်တာပဲ"
တပည့်တစ်ယောက်တော်တယ်ဆိုတာ ဆရာ သွန်သင်တာကောင်းလို့ပဲလေ။
အင်း...မှန်လိုက်လေခြင်း။
ယုလော်ကရယ်တယ် ပြီးတော့.သူမ ရင်ခွင်ထဲကို
ခေါင်းတိုးဝင်လာတယ်။ ခဏကြာတော့ မောပန်း
ကာ အိပ်ပျော်သွားရှာတယ်။ကျူ းယောင်လည်း သူ့တပည့် ပင်ပန်းတာ
သက်သာအောင် ချီ အနည်းငယ်ပို့ပေးလိုက်တယ်။သူ့တပည့် သွေးခုန်နှုန်းစမ်းသပ်ကြည့်လိုက်
တော့လည်း တည်ငြိမ်နေတယ်။ ဝိဉာဉ်ကြော
ထဲ ချီ လှည့်ပတ်မှုလည်း ချောမွေ့ပြီး
ချီ လွင်ပြင်ဟာလည်း.ကျယ်ပြန့်လာတယ်။
တခြားဘာမှ ထူးထူးခြားခြားမဖြစ်တာကြောင့်
ကျူ းယောင်လည်း စိတ်သက်သာရာရပြီး
သူ့တပည့်ကို အိမ်လေးဆီ ပြန်သယ်လာတယ်။
KAMU SEDANG MEMBACA
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...