ယုယန်လည်း မတ်တပ်ရပ်ပြီး သူ့တပည့်နဲ့အတူ အပြင်ထွက်လာတယ်။ အပြင်ရောက်တော့မှ သူ့အကျီၤလက်ထဲကနေ အိတ်ရှူံသေးသေးလေး ထုတ်လိုက်တယ်။အဲ့အိတ်ထဲကနေ ပစ္စည်းသေးသေးလေးကို ထုတ်ပြီး ပစ်ချလိုက်တယ်။
ချက်ချင်းပဲ သူရဲ့ဝါးအိမ်လေးဘေးမှာ
တောက်ပပြီး လှပတဲ့ ရွှေရောင် သုံးထပ်အိမ်ကြီး ပေါ်လာတယ်။လင်းထိန်ပြီး တောက်ပနေတာပဲ။''ဆရာ..ဆ..ဆရာ..´´
သူမ မျက်စိကျိန်းလာက်အောင် လှတဲ့အိမ်ကြီးကိုှတုန်တုန်ချိချိနဲ့ လက်ညှိးထိုးရင်း ပြောလိုက်တယ်။
''ဒီလောက် ကောင်းတဲ့ အိမ်ကြီးမှာ နေလို့ မဖြစ်ဘူးထင်တယ်´´
ယုယန်လည်း မျက်မှောင်ကြီးကြုတ်သွားပြန်တယ်။
''မကြိုက်ဘူးပေါ့´´
တကယ်တော့ ဒီရွေရောင်အိမ်ကြီးက အနှစ်တစ်ထောင်ကျင့်ကြံထားတဲ့ ဖားတစ်ကောင်ဆီကနေ ယူခဲ့တာ။သူမကြိုက်ပေမဲ့လည်း
အဲ့တုန်းက ဖားရဲ့ နှမျောတဲ့အကြည့်တွေကြောင့် ဒီအိမ်က သိပ်မဆိုးဖူးလို့ ထင်ခဲ့တာ။သူ့တပည့်လည်း ကြိုက်မယ်ထင်တာပေါ့။ယုယန် သူ့အိတ်ရှုံ့လေးတွေ မွှေနှောက်ရှာရင်း နောက်ထပ် ပစ္စည်းတစ်ခုပစ်ချလိုက်ပြန်တယ်။
ဒီတစ်ခါက ကျောက်စိမ်းတွေနဲ့ ဆောက်ထားတာ။အပြင်ဘက်နေတောင် လှပခမ်းနားတဲ့ ပရိဘောကတွေ မြင်နေရတယ်။ပြီးတော့ လရောင်အောက်မှာ အိမ်ကြီးက အလင်းရောင်တွေတောက်နေတာပဲ။ကျူးးယောင် အံသြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့။အကောင်တွေတောင် ဝင်သွားလို့ရတယ် ပါးစပ်ထဲကို။ကြည့်ရတာ သူ့ဆရာက
တကယ့် ဘောစိပဲ။ကျူ းယောင် ဘယ်ဘက်က
ရွှေရောင်အိမ်ကို ကြည့်လိုက် ညာဘက်က ကျောက်စိမ်းအိမ်ကို ကြည့်လိုက်နဲ့ အလယ်က အနုပ်စုတ်ကုပ်စုတ် ဝါးအိမ်ကို ကြည့်လိုက်နဲ့။''ကြိုက်တဲ့ တစ်ခုရွေးပြီး နေလိုက်´´
ယုယန်ကတော့ ဘာမှ မထူးခြားသလို ပြောတယ်။
ကျူ းယောင် တစ်ယောက် သူ့ဆရာကိုကြည့်ရင်း မြစ်နတ်ဘုရားတူတယ်လို့ထင်တယ်။
ESTÁS LEYENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...