အခန်း(၃၁)အန်ချင်စရာဆင်ဆာအခန်း

7.3K 905 10
                                    

၃၁

ကျူ းယောင်နဲ့ ဝမ်ရှုဟိုင်တို့ အခန်းတွေက တတိယထပ်မှာ။တခြားသူတွေက ဒုတိယထပ်မှာ။တခြားသူတွေလည်း ထသွားရော သူမလည်း ကောင်စုတ်လေးကို စပ်စုချင်စိတ်အပြည့်နဲ့ ဆွဲခေါ်လာတယ်။

ဒုတိယထပ်ဘက်ကို ခိုးကြောင်ခိုးဝှက်လှမ်းကြည့်
ရင်း..ပြောလိုက်တယ်။
''မြန်မြန် ဖွင့်ဟတော့..စောစောက စုဇီ
ဆိုတဲ့ ကောင်မလေးက မင်းအပေါ်..''

''မမကျူ းယောင် အထင်မလွဲပါနဲ့ ကျတော်တို့က ဂိုဏ်းတူ မောင်နှမတွေ သက်သက်ပါပဲ''
ဝမ်ရှုဟိုင်က အလျင်မြန် ရှင်းပြတယ်။

''တကယ်''
ကျူ းယောင်လည်း နည်းနည်းတော့ သံသယဖြစ်နေဆဲပဲ။ဒါဆို မင်းဘာလို့ ဒီလောက်စိတ်လှုပ်ရှား
သွားတာလဲ ကောင်ကလေး!

''တစ်ကယ်ပါ..သူ့ကို ဒီနေ့မှ ပထမဆုံး စတွေ့ဖူးတာ''
ဝမ်ရှုဟိုင်က ပိုစိုးရိမ်လာတဲ့ မျက်နှာထားနဲ့ မျက်နှာက တည်သွားပြီး သူ့လက်တစ်ဖက်မြှောက်ကာ ကျိန်တော့တယ်။
''ကျတော် ဘယ်ကောင်မလေးကိုမှ လုံးဝ ကြိုက်မှာ မဟုတ်ပါဘူး''

''စိတ်မပူပါနဲ့''
ကျူ းယောင်လည်း ကျိန်ဆိုဖို့ မြှောက်ထားတဲ့ သူ့လက်ကို ဆွဲချလိုက်တယ်။
မိဘနေရာက လူတစ်ယောက်အနေနဲ့ သူမ တစ်
ကယ်ပဲ ပွင့်လင်းချင်တယ်။
''မင်းကို ရပ်ခိုင်းဖို့ အစီစဉ်မရှိပါဘူး..
မင်းကြိုက်တယ်ဆိုရင် ဆက်သာလိုက်..
ဟော့အစ်မက ကူညီပေးမှာ.''

'' ဒေါ် လေး ငယ်! ''
ရှုဟိုင်လည်း စိတ်ပျက်ပုံစံပေါ်လာတယ်။
သူမကို စိတ်ဆိုးမာန်ဆိုး ကြည့်တယ်။သူ့ခုပုံစံက
ငယ်ငယ်က ဒေါသထွက်တဲ့ ပုံနဲ့ တစ်ပုံစံတည်း။

''ကောင်းပါပြီ ကောင်းပါပြီ..ဆက်မပြောတော့ဘူးနော်''
ဒီကောင်လေး ခဏနဲ့ တန်းစိတ်ဆိုးတာပဲ။စရတာ
ပျော်စရာ မကောင်းတော့ဘူး။
ကျူ းယောင်လည်း ပြောတဲ့ အကြောင်းရာ အမြန်
ပြောင်းလိုက်ရတယ်။
''စောစောက ရှောင်ရီ့ကို ဦးလေးငယ်လို့
ခေါ်သံကြားတယ်..ဘာလဲ..သူက အခြေတည်
ဆင့်ရောက်သွားပြီလား''

ရှောင်ရီမှာ သူ့ အဆင့်ကို ဖုံးကွယ်ဖို့ ရတနာပစ္စည်းရှိတယ်ဆိုပေမဲ့ အပြင်ပန်းကတော့ ချီ အဆင့်ပဲ
ဖြစ်နေတုန်းပဲ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now