အခန်း(၈၆)ဦးဆုံးသေတဲ့ဇတ်ရံကောင်

7.1K 1K 102
                                    

(ပြန်မစစ်လိုက်ရလို့...မှားရင် ဆောရီးနောိ
ကူရိုကိပေးတဲ့ ညီမလေး တိမ်လွှာဖြူ ကို
ကျေးဇူးတင်ပါတယ်...
Btw...ညီမလေးတစ်ယောက်ရဲ့...BL
်fic တစ်ခုကို ကြော်ငြာပေးမလို့ပါ..
တစ်ရံရောအခါက...ဆိုတဲ့ fic လေးပါ
အော်သာကတော့...Coral ပါ...
)

ပြင်ပအသံဗလံမှန်သမျှ ဘာမှ မကြားနိူင်တော့သလိုမျိုး ကျူ းယောင်ကတော့ တုံဏှိဘာဝေ ထိုင်နေဆဲဖြစ်တယ်။ ရှိသမျှ အရာအားလုံးဟာ သူမဘေးက ချီမုန်တိုင်းကြား တိုးဝင်ပျောက်ကွယ်ကုန်ပြီး နေရာတခုလုံးက ပိုပြီး ဝရုန်းသုန်းကား ဆန်လာတယ် ။

ထိုအချိန်မှာ အဝေးတစ်နေရာကနေ အေးစက်သော အသံတစ်ခုက ပျံ့လွင့်လာတယ် ။

. "ယုဝမ် !"

.. ငေးငိုင်ကာ ကျောက်ရုပ်ဖြစ်နေတဲ့ ကျူးယောင်ဟာ တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်မှာ ဖြစ်နေသော ချီမုန်တိုင်းဟာ ထိုအခိုက်မှာ ရပ်တန့်သွားတယ်။ အဝေးတစ်နေရာကနေပြီး သူမဆီ တစ်လှမ်းချင်း လျှောက်လာနေတဲ့ ထိုအဖြူရောင်ပုံရိပ်ကို ကျူးယောင် သတိလက်လွတ် ငေးကြည့်နေမိတယ် ။

တဖြည်းဖြည်းနဲ့ ထိုပုံရိပ်ဟာ သူမနားရောက်လာပြီး လက်မြှောက်ကာ သူမနှဖူးကို ငြင်သာစွာ ထိလိုက်တယ် ။

"ဆရာ . . . ."

ပြတ်နေတဲ့ ကြိုးလေးတစ်ချောင်းဟာ ပြန်ဆက်သွားသလို ခံစားလိုက်ရပြီး သူမ မျက်ရည်တွေ တစ်ပေါက်ပေါက် ကျလာခဲ့တယ် ။

သတိရခြင်းများစွာနဲ့ သူ့ဆရာလည်တိုင်ကို ဖက်လို့ တစ်သောသော ငိုတော့တယ်။ တစ်သက်မှာ တစ်ခါ အကျယ်ဆုံးလေသံနဲ့ အော်တယ်။ တစ်ဘဝလုံးစာ စုထားသမျှ ခုမှ အော်ခွင့်ရသလိုမျိုးကို အော်တယ် ။

"ကောင်စုတ်လေး . . .ကောင်စုတ်လေး . . . . !"

"သိတယ် . . . ဆရာသိတယ်"

သူမခေါင်းကို ပုတ်ပေးရင်းနဲ့ တစ်သက်တာမှာ အနူးညံ့ဆုံး အသံဖြင့် ပြောတယ် ။


"တပည့် လူမသတ်ချင်ဘူး . . သတ်ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး . . . ငယ်ငယ်တည်းက အမြဲတမ်း ဆရာတွေက လူကောင်းဖြစ်ဖို့ ကြင်နာတတ်ဖို့ နဲ့ သတ္တိရှိဖို့ ပဲသင်ပေးခဲ့တာ"

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now