အခန်း(၃၇)ပွတ်ပေတ်ိုက်ပေးတပည့်လေး

7.6K 1K 99
                                    

''ခုလု...ခုလု..
ဂိုဏ်းတူညီမ....ဒါ ဆရာဦးလေးရဲ့ တပည့်အသစ်ပါ''
လူသတ်ချင်တဲ့ အရိပ်ယောင်တွေတောင် ထွက်လာတော့မယ့် ယုယန်ကို ကြည့်ရင်း
ကလေးချီပြီး
မလွှတ်ပေးချင်တော့တဲ့ အမျိုး သမီးကို
သတိပေး ရတယ်။

ဟွန်ချူ းလည်း ကြောင်သွားတယ်။ပြီးတော့
မျက်နှာ မကောင်းတော့တဲ့ သူ့ဆရာဦးလေးကို ြက်ည့်မိတယ်။သူ့ဆရာဦးလေးကို
ကြည့်ပြီးပေမယ့်
ကလေးကို ထပ်ပြီး တင်းတင်းကျပ်ကျပ်ပွေ့ထားရင်း ပြောတယ်။

''ဒါဆို...ဆရာဦးလေး..တပည့်ပေါ့..
သူ့နာမည်က ဘယ်သူလဲ''

ယုယန် လည်း နည်းနည်း အံသြသွားတယ်။
ခဏစဉ်းစားပြီးမှ

'' ပုံမှန်အတိုင်းပဲ သူက ငါ့ ရဲ့ မျိုး ရိုးနာမည်
ယု ကို ဆက်ခံရမယ်...ဒုတိယစာလုံးက
နှစ် ဖြစ်လိမ့်မယ်''

ဘယ်လိုပဲ ဖြစ်ဖြစ် သူမက သူရဲ့ နံပါတ်နှစ်
တပည့်လေ။

မုန့်လုံးလေး ကျူ းယောင်က တော့ ယုယန် မျက်နှာ ကြီးကို အသေကုတ်ဆွဲ ချင်လာတယ်။
နင်ပဲ နှစ် ဖြစ်! နင်တို့ တစ်မိသားစုလည်း..နှစ်
လို့နာမည် ပေး!

''ယိုး...ကလေးစုတ်လေးက..ဆိုးပြနေ ပါလား''

လက်သေးသေးလေးတွေ ဝေ့ယမ်းနေတဲ့
သူ့လက်ထဲက မုန့်လုံးလေးကို ပိုတောင်ချစ်လာပြီး သူမ မနေနိုင်တော့ဘဲ ပါးကို
နမ်းပစ်လိုက်တယ်။

ပါးမှာ တံထွေးတွေ ပေသွားတဲ့ ကျူ းယောင်
>> ''#*$..''

(TN:😂 ဆေးတောင်သခင်မတော့ အဲ့ကလေးမှက ကျူ းယောင်မှန်းသာ သိရင် သွေးတောင် အန်သွား မလား မသိ ဘူး...😂)

''ဒီကလေးက အတော် ငယ်နေသေးတယ်
နို့တိုက်ဖို့လည်း လိုနေသေးတယ်
တိုက်တိုက်ဆိုင်
ဆိုင်ပဲ ဒီတူမက အရင်ရက်က နို့ထွက်နေတဲ့
သားသည်မိခင် မှော်သတ္တဝါတစ်ကောင် ဖမ်းမိ
ထားတယ် ဒီတူမက ဆရာဦးလေးကို ကူတဲ့ အနေနဲ့. ကလေးကို နှစ်အနည်းငယ် စောင့်ရှောက်ယပေးမယ်လေ''

ယုယန်လည်း လက်တစ်ချက်ပဲ ဝေ့ယမ်းလိုက်တယ်။သူမလက်ထဲက မုန့်လုံးလေးက ပျံသန်းပြီး သူ့ဆီပြန် ရောက်လာတယ်။သူကတော့ အေးစက်စက်ပဲ
ပြန်ပြောတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Où les histoires vivent. Découvrez maintenant