ဤ အပိူင်းကို typing ကူရိုက်ပေးသော
Shu rinကို ကျေးဇူးတင်ပါသည်။အခန်း (၁၂၄) ကျောက်စိမ်းသစ်တောတောင်က ပန်းပဲဆရာတွေသာ အတော်ဆုံး
ဒါဆို ဆရာက ဒီပစ္စည်းသိမ်းအိတ်ထုပ်ကြီးကို တန်ဖိုးရှိတယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးပေါ့။ ဒီတိုင်းပဲ သူ ထားစရာနေရာမရှိလို့ ပစ္စည်းသိမ်းအိတ်ထဲ စုထည့်ထားတဲ့ သဘောပဲပေါ့။ ဒါဆိုရင် ဘာကိစ္စများ ဒီပစ္စည်းသိမ်းအထုပ်ကြီးကို သူ့ဆီ အမွေပေးခဲ့သေးလဲ။ ဆရာရေ ခဏလောက် ထွက်လာခဲ့။ တပည့်တို့ ဘဝအကြောင်း ကောင်းကောင်းလေး ပြောဖို့တော့လိုနေပြီနော်
" ဒီပစ္စည်းသိမ်းအိတ်ထဲမှာ ပန်းပဲလုပ်ဖို့ လိုအပ်တဲ့ အခြေခံကုန်ကြမ်းပစ္စည်းတွေ အတော်များများ ဆရာထည့်ခဲ့ပြီးသား...မင်း ကျွမ်းကျင်ပန်းပဲပညာရှင်အဆင့်ရောက်တဲ့အထိတော့ ကုန်ကြမ်းလုံလောက်မယ်လို့ ထင်ပါတယ် "
ယုယန်က အေးအေးသာသာ ပြောတယ်။ထိုအခါမှပဲ ကျူးယောင်လည်း ပစ္စည်းသိမ်းအိတ်ရဲ့တစ်ထောင့်တစ်နေရာမှာ စုပြုံနေသောမည်းမည်းအပုံကြီးကို သတိထားမိတော့တယ်။ အစတုန်းကတော့ ဒီမည်းမည်းပစ္စည်းအပုံကြီးကို အသုံးမဝင်တဲ့ဟာတွေ ထင်ပြီး လွှင့်ပစ်မိတော့မလို့။ လတ်စသတ်တော့ ဒီပစ္စည်းတွေက သူ့ဆရာ သူ့အတွက် လက်နက်ပြုလုပ်ဖို့ ထားရစ်ခဲ့တဲ့အမွေတွေကိုး။
တကယ်တော့ ဒီလို မသိတာအတွက်လည်း သူမကို အပြစ်တင်လို့တော့ မရပါဘူး။ ရွှေရောင် ငွေရောင် တောက်တောက်ပြောင်ပြောင်မှော်လက်နက်ပစ္စည်းအပုံလိုက်ကြီးကို တွေ့ပြီးတဲ့နောက် ဘယ်သူကများ ဒီမည်းမည်းသတ္တုအပုံကြီးကို အဖိုးတန်တယ်လို့ တွေးမိမှာလဲ။ မှော်လက်နက်ပစ္စည်းရယ် ဒီသတ္တုအပုံကြီးရယ်ကလွဲလို့ ကျန်တဲ့အတိုအစတွေက မရှင်းလင်းရသေးတဲ့ အမှိုက်ထုပ်တွေပေါ့။
ကျူးယောင်လည်း စိတ်ထဲနေလို့ သိပ်မကောင်းဖြစ်လာတယ်။
" ဆရာ ကျွန်မကို မပြောရသေးတဲ့
အမွေကိစ များရှိလား...ရှိတယ်ဆိုရင် အခုကတည်းက တစ်ခါတည်းအကုန်ပြောလိုက်ပါတော့လားဟင် "

ESTÁS LEYENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...