၂၀
ဒီလိုပြောလိုက်တော့မှ သူ့ဆရာ က သာမန်လို မတွေးတတ်ရုံ မကဘူး မျက်နှာတွေကို မမှတ်မိတတ်တဲ့ လူတစ်ယောက်ဆိုတာ သိလိုက်ရတယ်။
(TN:တကယ်က အချေပါ..😂)
နှစ်တစ်သောင်းလောက် နေပြီးတာတောင်မှ တောင်သခင် တစ်ယောက် နာမည်ကို မမှတ်မိဘဲနေတယ်ဆိုတော့!!သူမဆရာက
တတ်နိုင်သမျှ လူတော်တော်များများ မတည့်အောင်လုပ်ထားမိပြီ
ဆိုတာ သူမ တွက်မိလိုက်တယ်။သူ့ဆရာနဲ့ ယှဉ်လိုက်တော့ သူမက တစ်ကယ်ကို ကြင်နာတတ်ပြီး ဖြူစင် နေသေးတာပဲ။တွေးမိပြီး အတော်ကို စိတ်သက်သာရာ ရ သွားတယ်။ယုယန်က တစ်ကယ်ကို ပြောတဲ့အတိုင်းလုပ်တဲ့သူ။သူမကို တောင်အောက်ပေးမဆင်းဘူးလို့ ပြောလိုက်ကတည်းက တောင်ပေါ်က ခရီးသွားမှော် ပစ္စည်းကို ဖယ်ထားပစ်တယ်။ခရီးသွားမှော် ပစ္စည်းလည်း
မရှိ သူမကလည်း ဓားပျံ မသုံးတတ်တာမလို့။
နောက်ဆုံးတော့ သူ့ဆရာရဲ့ အကျယ်ချုပ် ပညာသင်ကြားရေးကို လက်ခံလိုက်ရတယ်။သူမကျင့်ကြံ နေတဲ့ အချိန်တိုင်း သူ့ဆရာက စိုက်ကြည့်နေတော့တာပဲ။သူ ဘယ်လိုပဲ စောင့်ကြည့်နေပါစေ သူကတော့
ဘာချီစွမ်းအင်မှ မခံစားမိပါဘူး။မသိရင် သူမက
ချီစွမ်းအင်လျှပ်ကာ ပစ္စည်းလိုပဲ။သူမဆရာပြောတာတော့ သူမက
ဂိုဏ်းထဲဝင်တာ နောက်ကျတဲ့ အတွက် ကလေးတွေလို အာရုံကို တစ်ခုထဲ အပေါ်မစိုက်နိုင်ဘူးတဲ့။ဒါကြောင့် သူမက အာရူံလွှဲစရာတွေကို မကျော်လွှားနိုင်တာ။
လူလို နားလည်အောင်ဘာသာပြန်ရရင်တော့
သူမက အတော်အသက်ကြီးနေပြီ ဒါကြောင့်
တအားစဉ်းစားတယ်။အဲလို အမှန်တရားကို
သိရတော့ မျက်ရည်တောင်ကျလာတယ်။အသက်ကြီးနေရတာ သူမ အပြစ် မဟုတ်ဘူးရယ်။
တကယ်ဆို သူမက ၃၀ တောင် မပြည့်သေးဘူး။
နှစ်ထောင်ချီဆရာတွေနဲ့ ယှဉ်လိုက်ရင် သူမက ခုမှ မွေးကင်းစလို့ တောင် ပြောလို့ရတယ်။

YOU ARE READING
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...