အခန်း(၁၃၃)နတ်ဘုရားဆိုသော ထိုပုဂ္ဂိုလ်များ

2.5K 454 14
                                    

အခန်း ၁၃၃ နတ်ဘုရားဆိုသော ထိုပုဂ္ဂိုလ်များ

‌ဤအပိုင်းကို typingကူရိုက်ပေးပါသော Ayeကို ကျေးဇူးတင်ပါသည်။

"ခင်ဗျား...တို့က ဘယ်သူတွေလဲ..."

ကျီတန်ကလည်း ရပ်နေသော ထိုအထက်ဘုံနတ်ဘုရားနှစ်ယောက်ကို ကြည့်ပြီးမေးခွန်းထုတ်လိုက်တယ်။

နတ်ဘုရားတစ်ပါးက
အနည်းငယ် စောင်းငဲ့ကြည့်ပြီး ကျီးတန်အပေါ် သူ့ရဲ့နတ်ဘုရားအရှိန်အဝါ ပိုသက်ရောက်စေလိုက်တယ်။

"ဟမ့်"

ထိုနတ်ဘုရားက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ရင်း ဘေးနားမှာရှိတဲ့လူတွေအကုန်လုံးကို
ရွံရှာတဲ့ပုံစံဖြင့် ကြည့်လိုက်တယ်။

"မင်းတို့လို အရေးမပါတဲ့ပုရွက်ဆိတ်လိုသေမျိုး
တွေကို ငါပြောပြလည်း ဘာထူးမှာလဲ"

"လေးစားရပါသော ကြီးမြတ်လှသည့်နတ်ဘုရားနှစ်ပါးခင်ဗျာ... နတ်ဘုရားတို့ကို နတ်မင်းကြီးရှီက ....စေလွှတ်လိုက်တာလားမသိဘူးခင်ဗျာ"

လူအုပ်ထဲကနေ ချီဟန်က ရုတ်တရက် ထိုနတ်ဘုရားနှစ်ယောက်ကို မတ်တပ်ရပ် တရိုတသေပြုရင်း
မေးလိုက်တယ်။

ထိုအခါမှပဲ ဘယ်ဘက်မှာရှိသောနတ်ဘုရားက အကြည့်ကိုရွေ့လာပြီး ချီဟန်ကိုကြည့်လိုက်တယ်။ အနည်းငယ်မျက်ခုံးပင့်သွားရင်း မေးတယ်။

"မင်းက ယွဲ့မိသားစုဝင် လူလား"

ချီဟန်လည်း ခဏတော့
အံ့ဩသွားပေမယ့် ပြန်ပြီးဖြေတယ်။

"ကျွန်တော်ကယွဲ့မိသားစုကတော့မဟုတ်ပါဘူး..ဒါပေမယ့် ယွဲ့မိသားစုက ကံဆိုးမိုးမှောင်ကျပြ်ိးသေဆုံးသွားကြပါပြီ...ယွဲ့မိသားစုအကြီးအကဲ မသေဆုံးခင် သူက ဟန်ရှင်းကိုကျွန်တော့ဆီအပ်ခဲ့တာပါ..ဒီနှစ်တွေအတောအတွင်းမှာ ကျွန်တော်က ဟန်ရှင်းရဲ့ဆရာအဖြစ် တချိန်လုံး သူ့ကို စောင့်ရှောက်ခဲ့တာပါ"

"ဆရာ... ဟုတ်လား... မင်းလိုလူက
ဆရာအဖြစ် သတ်မှတ်ဖို့ ထိုက်တန်လို့လား "

ထိုနတ်ဘုရားရဲ့အမူအရာက တမဟုတ်ချင်း
အေးစက်သွားတယ်။

ချီဟန်လည်း ချက်ချင်း အမြန်ရှင်းပြလိုက်ရတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now